ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်  ၁၇

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့  ဝဏ္ဏကျော်ထင်  ဦးနော်အောင် (မိသားစု) Aung Chantha Construction & Service Co.,Ltd မှ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ဇူလိုင်(၁၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရသည့်အကြောင်းအား Aung Chantha Construction & Service Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဝဏ္ဏကျော်ထင် ဦးနော်အောင်က ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ DooSan အမျိုးအစား Excavator အကြောင်းအား Aung Chantha Construction & Service Co.,Ltd ဒါရိုက်တာ ဦးထွန်းလင်းက ပရိုဂျက်တာဖြင့် ရှင်းလင်း၍ လည်းကောင်း၊ နှလုံးအထောက်အကူပြု နိုးစက်အကြောင်းအား Biotronik Asia Pacific PTE Co.,Ltd မှ MS.Windy တို့က ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများ၏ စာရွက်စာတမ်းများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လှူဒါန်းထားသော DooSan အမျိုးအစား Excavator နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား Aung Chantha Construction & Service Co.,Ltd ဒါရိုက်တာ ဦးထွန်းလင်းက ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ လက်ခံ၍ လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းအတွက် လှူဒါန်းသော နှလုံးအထောက်အကူပြု နိုးစက်အား Biotronik Asia Pacific PTE Co.,Ltd မှ MS.Windy က ပေးအပ်၍ လည်းကောင်း၊ ပညာရေးလုပ်ငန်းအတွက် လှူဒါန်းသော ကွန်ပျူတာများအား Aung Chantha Construction & Service Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဝဏ္ဏကျော်ထင် ဦးနော်အောင်က ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

   အဆိုပါ ဒေသဖွံဖြိုးရေး အထောက်အကူပြု ပစ္စည်းများမှာ မြေတူးစက် DooSan  Excavator (20)Ton (၁)စီး တန်ဖိုးငွေ ကျပ်သိန်း(၁၅၀၀)၊ ကျန်းမာရေးအတွက် နှလုံးအထောက်အကူပြုစက် (၁၀)လုံး တန်ဖိုးငွေ US $ (40000) ၊ ပညာရေးအတွက် ကွန်ပျူတာ (Asus Mother Board Monitor, Acer, Lenovon) အလုံး(၄၀) တန်ဖိုးငွေ ကျပ်သိန်း(၂၀၀) ဖြစ်ကြောင်း သိရှိရသည်။

 

2

 

3

 

4

 

5

 

6