ရှမ်းပြည်နယ်သတင်းများ

အင်းလေးဒေသဟိုတယ်ဇုန်နှင့် ပတ်သက်၍ Environmental Impact Assessment နှင့် Social Impact Assessment ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇူလိုင်  ၁၇

 

10

 

   ရှမ်းပြည်နယ် အင်းလေးဒေသဟိုတယ်ဇုန်နှင့် ပတ်သက်၍  Environmental Impact Assessment နှင့် Social Impact Assessment  ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၁၇)ရက်၊ မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟိုတယ်ဇုန်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်မှ အင်းလေးဒေသဟိုတယ်ဇုန် လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းဦးမှ  Environmental Impact Assessment နှင့် Social Impact Assessment  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် အင်းလေးဒေသဟိုတယ်ဇုန် လုပ်ငန်းကော်မတီ အသီးသီးမှ ဆွေးနွေးတင်ပြပြီး၊ အခမ်းအနားတက်ရောက်လာကြသူများ အထွေထွေ ဆွေးနွေးတင်ပြကြသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 63 guests and no members online