ရှမ်းပြည်နယ်သတင်းများ

(၆၆)နှစ်မြောက် အာဇာနည်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်ကြီး(၉)ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး   ဇူလိုင်   ၁၉

 

66

 

   ဇူလိုင်(၁၉)ရက် (၆၆)နှစ်မြောက်  အာဇာနည်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်ကြီး(၉)ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ အတုရမာလစိန်မြို့လယ်ဓမ္မာရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေ/ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် နမောတဿ အစရှိသော ဗုဒ္ဓဝန္ဒနာဂါထားတော်ဖြစ် (၃)ကြိမ်ရွက်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ တောင်ကြီးမြို့စွန်းလွန်းကူ ကမ္မဌာန်းကျောင်းတိုက် ပဇာန နာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မာ ဘိဝံသ ရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

   ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က ရွက်ပွားသရဇ္စျယ်ချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြပြီး၊ ဆရာတော်၊  သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူတို့က လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။

 

   ထို့နောက် ပြည်နယ်သံဃာ နာယကအဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာ ပဏ္ဍိဥတ္တရာရုံ ပရိယတိ စာသင်တိုက် ပစာန နာယက ဆရာတော် ဘန္ဒန္တပညာသီရိ အရှင်သူမြတ်က ကုသိုလ်အဖို့ဘာကကို အနုမောဒနာ တရားတော်ဟောကြားပြီး ရေစက်သွန်ချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွက်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 85 guests and no members online