ရှမ်းပြည်နယ်သတင်းများ

ကလောမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး

တောင်ကြီး   ဇူလိုင်  ၂၁

 

klw03

 

klw06

 

klw05

 

klw04

 

klw02

 

klw01

 

   သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ကုန်သည်အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြေစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်သူလူထုဗဟိုပြု ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့်အညီ ပြည်သူလူထု၏ ဆန္ဒများ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်(၂၁)ရက်၊ နေ့လည်(၁၂)နာရီခွဲက ကလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြို့နယ် ဖွံဖြိုးတိုးတက်ရေးစီမံကိန်းကို စုပေါင်းတိုင်ပင်ရေးဆွဲပြီး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးအရေးပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။

 

   ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် မြို့နယ်ပညာရေးမှူးက ပညာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ကျန်းမားရေးဌာနမှ တာဝန်ရှိသူက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ အသင်းအဖွဲ့ကော်မတီ အသီးသီးနှင့် ဒေသခံပြည်သူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

   ယင်းနောက် ကလောပြည်သူ့ဆေးရုံ ဆေးပဒေသာပင်နှင့် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေအတွက် အလှူငွေများကို သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

   ၎င်းနောက် သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 80 guests and no members online

Latest Updates