ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး  ဇူလိုင်  ၂၂

 

1

 

2

 

3

 

4

 

5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဝါဆိုလပြည့်နေ့၊ ဇူလိုင်(၂၂)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌ ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းဂူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့်ဇနီး ဒေါ်အေးအေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် အမှူးပြုသော ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်းဂူကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

   ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်းဂူကျောင်းတိုက် ဆရာတော်က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ညွန်းသွန်းပေးတော်မူပြီး အမျှပေးဝေခဲ့ကြသည်။

 

   ၎င်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာတော်ကို သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး၊ ပြည်ယထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းပေးခဲ့ကြသည်။

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဆရာတော်သံဃာတော် အရှင်သူမြတ်တိုံအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။