ရှမ်းပြည်နယ်သတင်းများ

ပဉ္စမအကြိမ် ကလောမြို့နယ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၂၃

 

1

 

2

 

3

 

   ပဉ္စမအကြိမ် ကလောမြို့နယ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်(၂၃)ရက်၊ နံနက်(၉)နာရီက အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက် ဓမ္မာရုံ၌  ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့်ဇနီး ဒေါ်အေးအေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စစ်ဘက်နယ်ဘက်မှ အရာရှိများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

   ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး အောင်ချမ်းသာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

   ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

   ယင်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ကြသည်။

 

   ၎င်းနောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 81 guests and no members online

Latest Updates