ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး   ဇူလိုင်  ၂၇

 

1

 

2

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစိုင်းခမ်းမှတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

 

   အခမ်းအနားတွင် အထက(၄)မှ ကျောင်း " မြန်မာ့ကျောင်း " သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားစတင်ကျင်းပခဲ့သည်။

 

   ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အမှာစကားပြောကြားပြီး၊ ဆုရ မြို့နယ်/ကျောင်း နှင့် ကျောင်းသား/သူများကို အသီးသီးဆုချီးမြှင့်ခဲ့သည်။ ၎င်းနောက် (၆)ဘာသာဂုဏ်ထူး ထွက်ရှိအောင် သင်ကြားပို့ချပေးနိုင်သော ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား ဆုချီးမြှင့်ပေးခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ် ပညာရေးငွေပဒေသာပင်အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/သူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး မှ ကျေးဇူးတင်စကားပြောကြားပြီး၊ အထက(၄)မှ ကျောင်းသား/သူများက " ဇာတိမာန် " သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

   ရှမ်းပြည်နယ်တွင် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ဆု ကလောမြို့နယ် ရရှိပြီး၊ ကျောင်းအဆင့် အောင်ချက်အနေဖြင့် အထက(၄)တောင်ကြီး (ပထမဆု)၊ အထက(၆)တောင်ကြီး (ဒုတိယဆု) နှင့် အထက(ခွဲ)မူဆယ် (တတိယဆု) အသီးသီးရရှိကြသည်။ ဂုဏ်ထူးရရှိမှုအနေဖြင့် (၆)ဘာသာ (၂၇)ဦး၊ (၅)ဘာသာ (၅၆)ဦး၊ (၄)ဘာသာ (၉၅)ဦး၊ (၃)ဘာသာ (၁၄၈)ဦး၊ (၂)ဘာသာ (၂၆၁)ဦး၊ (၁)ဘာသာ (၁၀၅၄)ဦး ရရှိခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 54 guests and no members online

Latest Updates