ရှမ်းပြည်နယ်သတင်းများ

လားရှိုးမြို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ရုပ်သိမ်းခြင်း

တောင်ကြီး   ဇူလိုင်   ၂၈

 

လားရှိုးမြို့နယ်၊ နယ်နိမိတ်အတွင်းရှိ အများပြည်သူသိစေရန်မှာ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက် ဧရိယာအတွင်း အများပြည်သူအကျိုးငှာ  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် သတ်မှတ်နယ်နိမိတ်အတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းများ မပြုလုပ်ရန်၊ ည(၁၀)နာရီမှ နံနက်(၃)နာရီအတွင်း လမ်းမပေါ်မထွက်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ လားရှိုးမြို့နယ် အထွေထွေအုပ်ချဒပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားရှိခဲ့သည်။

 

ယခုအခါ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းလျှက်ရှိပြီး လုပ်သားပြည်သူများ အေးချမ်းစွာ သွားလာလှုပ်ရှား၍ နေ့အချိန်၊ ညအချိန်များတွင် စျေးရောင်းစျေးဝယ်နှင့် လုပ်ငန်းခွင်အသီးသီး ဆောင်ရွက်နိုင်ပြီး ဖြစ်သကဲ့သို့ ဝါတွင်းကာလ ဘုရားသွား၊ ကျောင်းတက် အာရုဏ်ဆွမ်းလောင်းခြင်းမှအစ အေးချမ်းစွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော အမိန့်နှင့် စပ်လျဉ်း၍ လားရှိုးမြို့တွင် တည်ငြိမ်အေးချမ်းလျှက်ရှိနေပြီဖြစ်သောကြောင့် အများပြည်သူအကျိုးငှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း အမိန့်အား (၂၇.၇.၂၀၁၃)ရက်နေ့ (၁၈၀၀)အချိန်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 140 guests and no members online