ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး    ဇူလိုင်    ၃၀

 

3

 

4

 

   ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃၀)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးရဲနိုင်အောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် က ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အသီးသီး ဆွေးနွေးမှာကြားသည်။

 

   ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်စီမံကိန်းမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အသီးသီးဆွေးနွေးမှာကြားကြသည်။

 

   ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူးများကလည်းကောင်း၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများကလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။