ရှမ်းပြည်နယ်သတင်းများ

မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၃၁

 

1

 

   မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်(၃၁)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက မြေလွတ်မြေရိုင်းနှင့် မြေယာဥပဒေကိစ္စရပ်များကို ရှင်းလင်းအမှာစကား ပြောကြားပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက သစ်တောကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက မြေယာအသုံးချမှု ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ရှင်းလင်းမှာကြားသည်။

 

   ဆက်လက်ပြီး ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဦးက လည်းကောင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်က အဆောက်အဦများ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

 

   ၎င်းနောက် အခမ်းအနားတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 159 guests and no members online