ရှမ်းပြည်နယ်သတင်းများ

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၉

 

1

 

   ရှမ်းပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို သြဂုတ်(၉)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ၂၀၀၈- ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၅၄)၊ ဇယား(၅)အား ရှင်းလင်း၍လည်းကောင်း၊ ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်လှိုင်မှ စီမံကိန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates