ရှမ်းပြည်နယ်သတင်းများ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သိန္နီမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

သြဂုတ် ၂၆

 

4

 

နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြဂုတ်(၂၆)ရက်၊ နံနက်ပိုင်း တွင် သိန္နီမြို့၊ အောင်မင်္ဂလာခန်းမ၌ပြုလုပ်သော ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ 

 

တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသခံ များ၏တင်ပြချက်များအပေါ်  လုပ်ငန်းဆိုင်ရာများကို ဒုတိယသမ္မတက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ၂၀၁၂-၂၀၁၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့်ကျောင်းသား/သူများနှင့် အောင်မြင်ခဲ့ကြသည့်ကျောင်းသား/သူများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ 

 

ဆက်လက်ပြီး ဒုတိယသမ္မတသည် ကွတ်ခိုင်မြို့လေယာဉ်ကွင်းဟောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်း တင်ပြကြသည်။

 

ထို့မှတစ်ဆင့် ဒုတိယသမ္မတသည် ကွတ်ခိုင်မြို့ပြည်ထောင်စုခန်းမ၌ပြုလုပ်သည့် ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒေသခံ ပြည်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ၂၀၁၂-၂၀၁၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ် ခဲ့ကြသည်။

 

ညပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား လားရှိုးမြို့ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညစာစားပွဲဖြင့် တည်းခင်းဧည့်ခံရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြပြီး ယဉ်ကျေးမှု အဖွဲ့များ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online