ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ ရှမ်းပြည်နယ်လားရှိုးဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်

ရက်စွဲ ၊  ၆-၁ဝ-၂ဝ၁၃ မှ ၉-၁ဝ-၂ဝ၁၃

 

1014

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ် လားရှိုးဒေသသို့ ပညာရေးနှင့် ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ရန် (၆-၁ဝ-၂ဝ၁၃)ရက်နေ့တွင် ရုံးစိုက်ရာ တောင်ကြီးမြို့မှ ခရီးထွက်ခွာခဲ့ပါသည်။

 

(၇-၁ဝ-၂ဝ၁၃) ရက်နေ့ နံနက်(၉)နာရီတွင် တွဲဘက်ပြည်နယ်ပညာရေး ညွန်ကြားရေးမှူးရုံး၌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှဦးဆောင်၍ ညွန်ကြားရေးမှူး ဦးစိန်အုပ် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်ကြည် ရှမ်းပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၊ ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဝင်း တွဲဖက်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးဝင်းမောင်နှင့် ဦးစန်းဝင်းမြင့်- လ/ထ ညွန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၊ လ/ထ ညွန်ကြားရေးမှူး ဦးအောင်ကိုကို ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အင်ဂျင်နီယာမှူး ဦးထွန်းမြင့် တွဲဖက်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ ပါဝင်သော တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သည် အခြေခံပညာကျောင်း(၉၁)ကျောင်း အတွက် ဆောက်လုပ်ရေးကုမ္ပဏီများမှ တင်သွင်းထားသည့် တင်ဒါလျှောက်လွာများကို စိစစ်ရွေးချယ်ပြီး အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

(၈-၁ဝ-၂ဝ၁၃)ရက်နေ့ နံနက်(၀၈၃ဝ)နာရီတွင် တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံး၌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ကိုကို  ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါက်တာ ဇော်မင်းထွန်း တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ အင်ဂျင်နီယာမှူး ဦးထွန်းမြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အင်ဂျင်နီယာမှူး ဦးကျော်စိန်ထွေး လားရှိုးပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဒီပါတ် လားရှိုးပြည်သူ့ဆေးရုံကြီးတို့ ပါဝင်သော တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့မှ လားရှိုးဒေသရှိ ဆေးရုံနှင့် ကျန်းမာရေးဌာန/ ဌာနခွဲ အဆောက်အဦများ ဆောက်လုပ်ရန် ဆောက်လုပ်ရေးကုမ္ပဏီများမှ တင်သွင်းထားသည့် တင်ဒါလျှောက်လွာများကို စိစစ်ရွေးချယ်ပြီး အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဒေါက်တာဇော်မင်းထွန်း- တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးထွန်းမြင့်- ပြည်နယ်စည်ပင်အင်ဂျင်နီယာမှူး၊ ဦးအောင်ကိုကို- လက်ထောက် ညွန်ကြားရေးမှူး၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဒေါက်တာဒီပါတ်- ဆေးရုံအုပ်ကြီး၊ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ဒေါ်နန်းအွမ်ခမ်း- ကျောင်းအုပ်ကြီး၊ သူနာပြု/ သားဖွားသင်တန်းကျောင်းတို့ ပါဝင်သော တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့မှ လားရှိုးမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၌ တည်ဆောက်ရေး/ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများမှ တင်သွင်းထားသည့် တင်ဒါလျှောက်လွာများကို စိစစ်ရွေးချယ်ပြီး အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း၊ ဒေါက်တာဇော်မင်းထွန်း- တွဲဘက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာအေးအေးမူ- အထူးကုဆရာဝန်ကြီး(ဆေးပညာ)၊ ဒေါက်တာစိုင်းကျော်မင်း- အထူးကုဆရာဝန်ကြီး(ခွဲစိတ်)၊ ဒေါက်တာထွန်းသန်းဦး- မြို့နယ်ကျန်းမာရေးအရာရှိ၊ ဒေါ်ဘေဘီဝင်းရွေ- ဆေးဝါးကျွမ်းကျင်တို့ ပါဝင်သော ဆေးဝါးများ ဝယ်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့သည် ဆေးဝါးကုမ္ပဏီများမှ မြို့နယ်၊ ခရိုင်ဆေးရုံများသို့ ဆေးဝါးတင်သွင်းခွင့် လျှောက်ထားကြသည့် တင်ဒါလျှောက်လွာများကို စိစစ်၍ အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

(၉-၁ဝ-၂ဝ၁၃)ရက်နေ့ နံနက်(၀၈၀၀)နာရီတွင် ပြည်နယ်လူမှုရေးဝန်ကြီး- ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းကြူ- လားရှိုးမဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့်အတူ ညွန်ကြားရေးမှူး ဦးစိန်အုပ် ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)၊ ဦးမောင်မောင်လွင်- လက်ထောက်ညွန်ကြားရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါက်တာဇော်မင်းထွန်း- တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာမှူး(လားရှိုး)တို့ လိုက်ပါလျက် နောင်မွန်ကျေးရွာရှိ နောင်မွန်ကျေးလက်ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ နောင်မွန် တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် မြေနေရာသို့ သွားရောက်ကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ဒေါက်တာဦးထွန်းသန်းဦး ခရိုင်/မြို့နယ်ဆရာဝန်ကြီး၊ ဦးမြထွန်း- လက်ထောက်ဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးဆန်စိုင်း- နောင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့မှ နောင်မွန်ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် မြေဧရိယာ အကျယ်အဝန်းတို့ကို ပြန်လည်တိုင်းတာ၍  အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လားရှိုးလမ်းမကြီးဘေးရှိ ယခင်နောင်မွန် သုသာန်ဟောင်းနေရာ(၁)ဧကခန့်အား ရှင်းလင်း၍ မြေဧရိယာ တိုင်းတာပေးရန် ၊ တိုင်းရင်းသားဘာသာပေါင်းစုံ စုပေါင်းသုသာန်နေရာသို့ ပြောင်းရွေ့ပေးရန်နှင့် အဆိုပါနေရာအား နောင်မွန်တိုက်နယ်ဆေးရုံ အဖြစ် ဖွင့်လှစ်နိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ဒေါက်တာမျိုးထွန်းနှင့် ဦးစိန်အုပ်တို့မှ  မှာကြားခဲ့ကြပါသည်။

 

ထို့နောက် ဆက်လက်၍ နံနက်(၀၉၁၅)နာရီတွင် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ဒေါက်တာဒီပါတ်- ဆေးရုံအုပ်ကြီးမှ မူးယစ်ဆေးစွဲကုသဆောင်နံဘေး အဖီတိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်၊ ဆေးဂိုဒေါင်အား ပြန်လည်ပြုပြင်မည့် အစီအစဉ်၊ ကလေးဆေးရုံအနီး ရေမြောင်းတူးဖော်ဆောင်ရွက်သွားမည့် အစီအစဉ်၊ မီးစက်အရှေ့၌ လျှောက်လမ်းပြုပြင်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် ညွန်ကြားရေးမှူး ဦးစိန်အုပ်၊ ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဆေးဂိုဒေါင်အား အလင်းရောင်ရရှိရေးနှင့် သံပန်းတခါးတပ်ဆင်ထားရန် ခွဲဝေချထားငွေမှ ပိုငွေကျပ်(၃)သိန်းအား  ဆေးဂိုဒေါင်အနီးရှိ ဓါတ်မီးတိုင်(၂)တိုင်ကို ပြောင်ရွေ့ပေးရန်တို့ကို မှာကြားခဲ့ကြပါသည်။

 

ထို့နောက် ဆက်လက်၍ ကဝိမွန်ကုမ္ပဏီမှ ဆောက်လုပ််လျက်ရှိသော လားရှိုးသူနာပြု/ သားဖွားဆောင် (၉၆+ ထ ၃ဝ+) × (၂ဝ+ ထ ၁၇+) သုံးထပ်ဆောင် သံကူကွန်ကရစ် အဆောက်အဦ ဆောက်လုပ်နေမှုကို လားရှိုးသူနာပြု/ သားဖွား ကျောင်းအုပ်ကြီး ဒေါ်နန်းအွမ်ခမ်းနှင့် တာဝန်ရှိသူတို့မှ လိုက်လံရှင်းလင်းပြသကြပါသည်။ ဆောက်လုပ်လျက်ရှိသော သုံးထပ်ဆောင်၏ ဝရန်တာများမှာ (၂+ ၉+)သာရှိ၍ အလွန်ကျဉ်မြောင်းနေကြောင်းကို  စစ်ဆေးတွေ့ရှိခဲ့ကြ၍ ကျန်းမာရေးဝန်ကြီးဌာန (ဆေးသိပ္ပံပညာဦးစီးဌာန)သို့ တင်ပြသွားရန် မှာကြားခဲ့ပါသည်။

 

နံနက်(၁ဝ၄ဝ)နာရီတွင် အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဦးလွင်ထွန်းမှ ဆောက်လုပ်လျက်ရှိသော (၁၈ဝ+ ထ ၃ဝ+)အုတ်ညှပ်တစ်ထပ် ကျောင်းဆောင် အပြီးသတ်နိုင်ရေးအတွက် တင်ပြသဖြင့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့အား ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ အခြေခံပညာအမှတ်(၃) အထက်တန်းကျောင်းခွဲအား ဝင်ရောက်ကြည့်ရှုစစ်ဆေးရာတွင် ကျောင်းအုပ်ကြီး ဒေါ်နန်းမြင့်မြင့်ဦးမှ ကျောင်းအကျိုးတော်ဆောင်များဖြင့် ဆောက်လုပ်လျက်ရှိသောကျောင်းဆောင် အပြီးသတ်နိုင်ရေးအတွက် တင်ပြရာတွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လိုအပ်သည်များကို ရှင်းလင်းမှာကြား ခဲ့ပါသည်။

 

နံနက်(၁၁၁ဝ)နာရီတွင် အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ကြီးမှ ကျောင်းဝင်းအတွင်း ရေတိုက်စားလျက်ရှိသည့် နေရာနှင့် ကျောင်းခြံစည်းရိုးဝင်းအား လိုက်လံပြသကြပါသည်။ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျောင်းအုပ်ကြီး ဦးရဲနိုင်နှင့် ကျောင်းအကျိုးတော်ဆောင်များအား ဓါတ်ပုံမှတ်တမ်းများဖြင့် မြို့နယ်ပညာရေးမှူးမှတဆင့် ပြည်နယ်ပညာရေး ညွန်ကြားရေးမှူးထံ ဆက်လက်တင်ပြ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

 

ထို့နောက် ဆက်လက်၍ထွက်ခွာလာရာ နံနက်(၁၁၅ဝ)အချိန်တွင် လားရှိုး နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပါသည်။ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်မှ ကျောင်းဝင်းအတွင်း အသစ်ဆောက်လုပ်မည့် အလုပ်ရုံ(လက်တွေ့ဆင်းရန်) ဆောက်လုပ်မည့် မြေနေရာနှင့် ကျောင်းဝင်းမြေနေရာတို့ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဦးစိန်အုပ်တို့မှ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်သွားရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းကော်မတီများ အသီးသီး ဖွဲ့စည်းရမည့် အခြေအနေများကို ရှင်းလင်းမှာကြားခဲ့ပါသည်။

 

ထို့နောက် လားရှိုးပညာရေးကောလိပ်သို့ ထွက်ခွာရာ နေ့လည်(၁၃၃ဝ)အချိန်တွင် ရောက်ရှိခဲ့ကြပြီး ခေတ္တကျောင်းအုပ်ကြီး ဦးစိုးသန်းမှ ကျောင်းမြေဧရိယာ အကျယ်အဝန်း ပုံစံ(၁ဝ၅)ရရှိရေးနှင့် ဆောက်လုပ်လျက်ရှိသော ကုမ္ပဏီများ၏ အခြေအနေများကို မြေပုံကားချပ်နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အတွင်းသို့ လိုက်လံပြသရာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းကြူ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့် ညွန်ကြားရေးမှူး ဦးစိန်အုပ် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လိုအပ်သည်များကို ရှင်းလင်းမှာကြားပြီး နေ့လည်(၁၄၃ဝ)အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

 

ထို့နောက် ညနေ(၁၆၄၅)အချိန်တွင် လားရှိုးမြို့မှ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေ (၁၈၁၅)အချိန်တွင် ရုံးစိုက်ရာ တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 82 guests and no members online

Latest Updates