ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာပါဒစေတီပလ္လင်တော်အတွင်း ဌာပနာပစ္စည်းများ ထည့်သွင်းတင်လှူပူဇော်ခြင်း ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၁၅

1016

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာပါဒစေတီပလ္လင်တော်အတွင်း ဌာပနာပစ္စည်းများ ထည့်သွင်းတင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို အောက်တိုဘာ(၁၅)ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က အဆိုပါစေတီတော်၌ ကျင်းပရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့က ဌာပနာပစ္စည်းများကို ကိုင်ဆောင်ကာ ဘုရားရင်ပြင်တွင် လက်ယာရစ် တပတ်လှည့်လည် ပူဇော်ကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော် ဘန္နန္တပညာသီရိ အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ဌာပနာပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

   ထို့နောက် စူဠာမုနိစေတီတော် ဂေါပကဥက္ကဌကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းနိုင်မှ သာသနာ့အလံတော်နှင့် မသိုးသင်္ကန်းတော်ကို လည်းကောင်း၊ မြို့ဦးဆရာတော်မှ မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်ဓါတ်တော်ကျောင်းတိုက်မှ ဘုရားဓါတ်တော်တို့ကို လည်းကောင်း၊ စွန်းလွန်းကျောင်းဆရာတော်ကြီးမှ မြင်းခြံမြို့၊ ဓါတ်တော်တိုက်မှ ဘုရားဓါတ်တော်တို့ကို လည်းကောင်း၊ မင်းကွန်းကျောင်းဆရာတော်ကြီးမှ ပျော်ဘွယ်မြို့၊ ထူးချင်ဖူးလိုက်ဓါတ်တော်တိုက်မှ ဘုရားဓါတ်တော်များကို လည်းကောင်း၊ ဓမ္မိကာရုံကျောင်းဆရာတော်မှ သစ်ကနက်သား ဗုဒ္ဓရုပ်ပွားတော်ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဘုရားကြီးတိုက် ဒေါနခြံဆရာတော် ဘဒ္ဒန္တ ၀ဏ္ဏဿရမှ ဗောဓိရွှေညောင်ပင်ကို လည်းကောင်း၊ ရှမ်းပိဋကတ်ဆရာတော်မှ ငွေဗောဓိညောင်ပင်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ရတနာဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသမှ ပရိဘောဂစေတီ ဗောဓိရွှေညောင်ရွက်(၄)ရွက်ကို လည်းကောင်း၊ မင်းကျောင်းဆရာတော်မှ ဓမ္မစေတီပိဋကတ်(၃)ပုံ ရွှေပေလွှာ(၁)ချပ်ကို လည်းကောင်း၊ ဓမ္မသုခကျောင်း ဦးဥတ္တရမှ ပရိဘောဂစေတီ သံဝေဗနိယလေးဌာနအောင်မြေကို လည်းကောင်း၊ စူဠာမုနိဆရာတော်မှ ပါဒစေတီတော် ကြေးခြေတော်ရာကို အသီးသီး ထည့်သွင်းပူဇော်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဘန္နန္တ ကုမရာဘိဝံသ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက လှူဒါန်းသော ဓါတ်တော်၊ စွယ်တော်၊ ဆံတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် မိသားစုမှ လှူဒါန်းသော ရွှေဆင်းတုရုပ်ပွားတော်ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတို့က ဌာပနာပစ္စည်းများကို အသီးသီး ထည့်သွင်းပူဇော်ကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကျောက်မျက်ရတနာမျိုးစုံကို ထည့်သွင်းပူဇော်ပြီး၊ ဆရာတော်သံဃာတော်များနှင့် ပရိသတ်အားလုံးက ဗုဒ္ဓခြေတော်ရာ ပါဒစေတီဘုရား ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစွစည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ရတနာဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသမှ ရေစက်ချ အနုမောဒနာ ချီးမြှင့်တော်မူ၍ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 75 guests and no members online