ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူ

တောင်ကြီး   အောက်တိုဘာ  ၂၈

 

1026

 

   ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများသည် အောက်တိုဘာ(၂၈)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်း ကျောင်းဆောင်ခန်းမ၌  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ထံ သြဝါဒခံယူသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သြဝါဒစကား မြွက်ကြားပြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုကြသည်။

 

   ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သို့ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ပအိုဝ်း၊ ဓနု)တို့မှ ကျောင်းသား/ကျောင်းသူများဖြစ်ပြီး၊ မူလတန်းအဆင့် (၃)နှစ်၊ အမှတ်စဉ်(၄၅)နှင့် B.Ed ဘွဲ့အဆင့် (၅)နှစ်၊ အမှတ်စဉ်(၂) ဖြစ်ကြောင်း သိရှိရသည်။

 

   သြဝါဒခံယူပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။