ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၂၆-၁ဝ-၂ဝ၁၃)ရက်နေ့ ဆီဆိုင်မြို့နယ် ပညာရေး/ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်

တောင်ကြီး   စက်တင်ဘာ   ၂၆ 

1028

10300

 

   ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၂၆-၁ဝ-၂ဝ၁၃)ရက် စနေနေ့ နံနက်(၀၇ဝဝ)နာရီတွင် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းဝင်းဇော်လှိုင် (ဒု-ပြည်နယ်မှူး) လိုက်ပါလျက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သို့ ပညာရေး/ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် ခရီးထွက်ခွာခဲ့ပါသည်။

 

   နံနက်(၀၉ဝဝ)နာရီတွင် ဆီဆိုင်မြို့နယ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး လိုအပ်သည်များမှာကြား၍ ဆေးရုံဝန်ထမ်းအိမ်ယာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

   ထို့နောက် ဆီဆိုင်မြို့နယ် အထက်တန်းကျောင်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

 

1029

 

   ထို့နောက် ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့မှ ဆီဆိုင်မြို့နယ် မြို့နယ်ခန်းမတွင် ဒေသခံ တိုင်းရင်းသားများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းကုသနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

 

   အခမဲ့ ကျန်းမာရေးစောင့်ရှောက် ကွင်းဆင်းကုသမှု အစီအစဉ်တွင် စဝ်စံထွန်းဆေးရုံကြီး(တောင်ကြီး)မှ မျက်စိအထူးကုဆရာဝန်နှင့်အဖွဲ့၊ ဒေသန္တရ ကျန်းမာရေးဌာန (တောင်ကြီး)မှ သွားဆရာဝန်နှင့်အဖွဲ့၊ တိုင်းရင်းဆေး ဆရာများအဖွဲ့နှင့် အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့တို့မှ ဒေသခံပြည်သူလူထု စုစုပေါင်း လူနာ ၆ဝဝကျော် တို့အား အခမဲ့ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။

 

   ဆက်လက်၍ ဆိုက်ခေါင်ကျေးလက်ကျန်းမာရေးဌာနသို့ ဝင်ရောက်ကြည့်ရှုပြီး ကျန်းမာရေးဌာန ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

   ဆိုက်ခေါင်ကျေးလက်ကျန်းမာရေးဌာနမှ ဆက်လက်ထွက်ခွာလာရာ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ ဝင်ရောက်ကြည့်ရှုပြီး ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး မှာကြားခဲ့ပါသည်။

 

   ထို့နောက် ဆီဆိုင်မြို့နယ်မှ ပြန်လည်ထွက်ခွာလာရာ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ ညနေ(၁၆၃ဝ)အချိန်တွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။