ရှမ်းပြည်နယ်သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပုံးမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၀၈

 

016

 

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပုံးမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ(၈)ရက်၊ နံနက်(၉)နာရီက ဟိုပုံးမြို့နယ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ကော်မတီဝင် ဦးစိုင်းဆမ်တစ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ရာ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ တတိယတန်းတွင် ပထမ၊ ဒုတိယ ဆုရရှိသူများကို မြို့နယ်ပညာရေးမှူး ဒေါ်နန်းအေးစိန်မှ လည်းကောင်း၊ တတိယဆုနှင့် အထူးဆုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဦးခမ်းမှ လည်းကောင်း၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ စတုတ္ထတန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ကလည်းကောင်း၊ တတိယဆုနှင့် အထူးဆုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဦးခမ်းမှ လည်းကောင်း၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ စတုတ္ထတန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးထွန်းမှ လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ကော်မတီဝင် ဦးစိုင်းဆမ်တစ်မှ လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီအဖွဲ့ အတွင်းရေးမှူး ဦးနိုးဝေမှ လည်းကောင်း၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ လည်းကောင်း၊ အထက်တန်းအဆင့် စာပေလေ့လာဖတ်ရှုမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဆုများကို အသီးသီး ချီးမြှင့်ပေးကြသည်။

 

   ယင်းနောက် ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများမှ ပြန်လည်တင်ဆက်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းကော်မတီဝင် ဦးစိုင်းဆမ်တစ်၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 148 guests and no members online