ရှမ်းပြည်နယ်သတင်းများ

၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၀

 

019

 

   ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ(၁၀)ရက်၊ ညနေ(၅)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရာ ပထဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများက စူဠာမုနိလောကချမ်းသာဘုရား ရင်ပြင်တော်ပေါ်တွင် စိန်နားပန် မီးပုံးပျံတစ်လုံးကို လွှတ်တင်ပူဇော်ကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများတို့သည် အဝေရာကုန်းသာယာ မီးပုံးပျံကွင်းသို့ ရောက်ရှိနေရာယူပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က မီးပုံးပျံပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

   ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာအကနှင့် ဓားသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေပြီး၊ တောင်ကြီးပညာရေးကောလိပ်မှ သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက "တောင်ကြီးတန်ဆောင်တိုင်ည" သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကျောင်းသား/သူလေးများက မီးပုံးကလေးများဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု အမှတ်တံဆိပ်၊ ရှမ်းအလံပုံ၊ ရှမ်းအိုးစည်ပုံ၊ ချယ်ရီပန်းပုံတို့ဖြင့် သရုပ်ဖော် ကပြကြသည်။

၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်ကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ မီးရှူးမီးပန်းများ ပစ်လွှတ်ဖွင့်လှစ်ပေးပြီး၊ စိန်နားပန် မီးပုံးပျံအကြီး(၁)လုံး လွှတ်တင်ခြင်းနှင့် မီးပုံးပျံငယ် (၅၀၀)လုံး လွှတ်တင်ကြကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 103 guests and no members online

Latest Updates