ရှမ်းပြည်နယ်သတင်းများ

၂၀၁၃ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၈

 

019

 

   ၂၀၁၃ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၈)ရက် ညနေ(၅)နာရီက အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ ကျင်းပသည်။ ပထမဦးစွာ ဆုချီးမြှင့်ခြင်း အခမ်းအနားစတင်ရာ ဆုများကို အသီးသီး ချီးမြှင့်ပေးကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာ အကနှင့် ဓါးသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေကြပြီး၊ တောင်ကြီးပညာရေးကော်လိပ်သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက "တန်ဆောင်တိုင်ည"သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

 

   ယင်းနောက် ကျောင်းသား/ကျောင်းသူများက အဝါရောင်၊ အနီရောင်၊ အစိမ်းရောင် မီးများကိုး ငြိမ်းကြပြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ၁၃၇၅ခု တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်သိမ်းကြောင်း ကြော်ငြာပြီးနောက် တန်ဆောင်တိုင်ပွဲတော် အောင်မြင်ပြီးမြောက်ခြင်း၊ အထိမ်းအမှတ်မီးပုံးပျံ၊ မီးရှူး၊ မီးပန်းများဖြင့် ပစ်ဖောက်လွှတ်တင် ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ သင်တန်းသူများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မီးပုံးပျံနေ့လွှတ်၊ ညလွှတ်ပြိုင်ပွဲဝင် ဆုရရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 166 guests and no members online