ရှမ်းပြည်နယ်သတင်းများ

ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ  ၂၀

 

021

 

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကို နိုဝင်ဘာ(၂၀)ရက်၊ နံနက်(၉)နာရီ(၁၅)မိနစ်က အဆိုပါ ကျေးရွာမုခ်ဦးရှေ့၌ ကျင်းပသည်။

 

   ပထမဦးစွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဌေး၊ မာဃမြင့်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအုန်းမြင့်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု မီးလင်းရေးကော်မတီဥက္ကဌ ဦးအောင်သန်းပိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က မုခ်ဦးရှေ့၌ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲဆိုင်းဘုတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆိုင်းဘုတ်အား အမွှေးနံ့သာ ပက်ဖျန်းပေးကြသည်။

 

   ထို့နောက် အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဌေးက လျှပ်စစ်မီးနှင့် ပတ်သက်၍ ရှင်းလင်းသည်။

 

   ၎င်းနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြပြီး၊ ကျေးရွာအုပ်စုမီးလင်းရေးကော်မတီဥက္ကဌ ဦးအောင်သန်းပိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အလံအား ဦးအောင်သန်းပိုက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကို နေရာအရောက် ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သုခကာရီဒေါ်ခင်ရီ ကျောင်းဆောင်၌ ဆရာတော် ဦးဝိလာသအား လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာအုပ်စုသို့ ဆက်လက်ထွက်ခွာလာရာ မိုင်းအင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော (၃)အုပ်စုလျှပ်စစ်မီးလင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ အခမ်းအနားတွင် (၁၂)ရွာမီးလင်းရေးကော်မတီဥက္ကဌ ဦးတင်ရွှေမှ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ထားရှိမှုတို့ ဆွေးနွေးတင်ပြသည်။

 

   ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ဆွေးနွေး၍ လည်းကောင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မိုင်းအင်ကျေးရွာမှ ထွက်ခွာလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိလာပြီး၊ ဓနုသော်တာအုပ်စုကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်းတယ) တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးအရာရှိ ဦးနိုင်ဝင်းအောင်မှ အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးခရိုင်အင်ဂျင်နီယာမှူး ဦးကျော်သီဟမှ ဝန်ထမ်းအိမ်ယာခြောက်ခန်းတွဲ နှစ်ထပ်၊ လေးခန်းတွဲ နှစ်ထပ်၊ နှစ်ခန်းတွဲ နှစ်ထပ် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အဆောက်အဦဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းမင်းထွဋ်မှ နှလုံးစမ်းသပ်စက်၊ ကလေးသူငယ်များ သွေးကြောရှာစက်အကြောင်းတို့ကို ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က ဆေးရုံအတွင်း  လှည့်လည်ကြည့်ရှုကာ လူနာများကို ထောက်ပံ့ငွေများ ပေးအပ်၍ ဓါတ်မှန်ဆောင်သို့ ကြည့်ရှုကြကြောင်း သိရှိရသည်။

 

   ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 161 guests and no members online