စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂ဝ၁၃)ဖွင့်ပွဲ

တောင်ကြီး   နိုဝင်ဘာ   ၁၈

 

022

 

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးကြပ်၍ မြန်မာနိုင်ငံ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို) မန္တလေးမြို့နှင့် ပူးပေါင်းပြီး == စေတနာဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂ဝ၁၃)++အား တောင်ကြီးမြို့နယ် မိခင်နှင့်ကလေးအသင်းတိုက်၌ (၁၈-၁၁-၂ဝ၁၃)ရက်မှ (၂၂-၁၁-၂ဝ၁၃)ရက်ထိ (၅)ရက်ကြာ သင်တန်းဖွင့်လှစ်မည့် ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပေး ခဲ့ပါသည်။

 

အဆိုပါသင်တန်းသည် မူးယစ်ဆေးဝါးသုံးစွဲနေသူ လူငယ်များအား မူးယစ်ဆေး၏ သံသရာမှ ရနိုင်သမျှ ကယ်ထုတ်နိုင်ရေးအတွက်လည်းကောင်း၊ မူးယစ်ဆေးဝါးကြောင့် လူမှုရေးပြသနာများ ဖြစ်ပေါ်လာခြင်းမှ လျော့ပါးစေရန်၊ မူးယစ်ဆေးစွဲရောဂါကုသမှုခံယူပြီး ပြန်လည်ထူထောင်မှုခံယူပြီးနောက် မူးယစ်ဆေးဝါးအား ပြန်လည်မသုံးစွဲမိစေရန် လူထုနည်းဖြင့် နောက်ဆက်တွဲ ဆက်လက်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းဆင်းသင်တန်းသားများဖြင့် == စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း++နှင့် အသင်းခွဲများအား ပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင်လည်း အသင်းခွဲတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန်၊ ပြည်နယ်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကဏအား ဖြည့်စွက်ဆောင်ရွက်သွားရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

သင်တန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာ ဘာသာရပ်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ မူးယစ်အထူးတပ်ဖွဲ့ (တောင်ကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ စဝ်စံထွန်းဆေးရုံ (မူးယစ်ဆေးစွဲရောဂါကုသရေးဌာန)၊ စိတ်ပညာဌာန (တောင်ကြီးတက္ကသိုလ်)၊ တောင်ကြီးမြို့နယ်တရာရေး၊ တောင်ကြီးမြို့နယ်ဥပဒေရုံးနှင့်အတူ အသင်း၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် အမက(၃၈) ချမ်းအေးသာဇံမှ အလယ်တန်းပြဆရာမ ဒေါ်ကေခိုင်စိုးအပါအဝင်  အသင်းတာဝန်ရှိ အမှုဆောင်(၂)ဦးတို့မှ ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၃၅)ဦး တက်ရောက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။