ရှမ်းပြည်နယ်သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ၊ ပွေးလှမြို့ (၆၀)ကြိမ်မြောက် ပရိယတ္တိသာသနာ့ပါလ စာပြန်ပွဲ၌ သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ခဲဖွယ်နှင့် နိဗဒ္ဓထာဝရ ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်း

တောင်ကြီး   ဒီဇင်ဘာလ  ၁၇

 

PL03

 

PL05

 

PL06

 

PL07

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ၊ ပွေးလှမြို့ (၆၀)ကြိမ်မြောက် ပရိယတ္တိသာသနာ့ပါလ စာပြန်ပွဲတော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် မိသားစု တို့မှ သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ခဲဖွယ်နှင့် နိဗဒ္ဓထာဝရ ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းကို ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ကျောက်တောကျောင်းတိုက်၌ ကျင်းပရာအခမ်းအနားကို နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စာပြန်ပွဲတော်ကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းရာ စာချဆရာတော် ဦးခေမာဝံသက လက်ခံရယူသည်။

 

ထို့နောက် ဆွမ်းစားဆောင် ဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် မိသားစုတို့မှ အလှူငွေကျပ် (၅)သိန်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို မှ အလှူငွေကျပ်(၃)သိန်း အသီးသီးပေးအပ် လှူဒါန်းရာ တာဝန်ရှိသူအသီးသီးတို့က လက်ခံရယူကြသည်။

 

ထို့ပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့် ပရိသတ်တို့က ဆရာတော်သံဃာတော်များထံမှ တရားတော်နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းလိုက်သည်။

 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်ကြပြီး ၊ စာအောင်သံဃာများအား အောင်လက်မှတ်များဆက်ကပ်ပေးအပ်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 144 guests and no members online