ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ဟိန်း၊ နမ့်စန်ရှိ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များနှင့်တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ   ၁၈

 

004

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဒီဇင်ဘာ (၁၈) ရက် မွန်းလွဲ(၁)နာရီက ကွန်ဟိန်းမြို့၊ နမ့်ပန် ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် မြို့မိမြိုဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များ မြို့နယ်အထောက်အကူပြုကော်မတီများနှင့်တွေ့ဆုံသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မှ  ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသတွင်းလိုအပ်ချက်များ တင်ပြရှင်းလင်းသည်။

 

ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းပန်းစိန် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနေအောင်တို့က ဒေသတွင်းလိုအပ်ချက်များကိုတင်ပြသည်။

 

ထို့နောက်အထွေထွေဆွေးနွေးကြရာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊မြို့မိမြို့ဖတို့က ကွန်ဟိန်းမြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်းကောင်းမွန်ရေး၊ သောက်သုံးရေသန့် ရေရရှိရေးတို့ကိုဆွေးနွေးတင်ပြကြသည်။၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ်အဖွဲ့မှ လှူဒါန်းသောကွန်ပျူတာကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဆိုလာမီးအိမ်များကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်အထောက်အကူပြု ကော်မတီများမှ တာဝန်ရှိသူတို့က အသီးသီးလက်ခံ ရယူသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မြို့မိမြို့ဖများနှင့် အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီတို့မှ တင်ပြချက်များကို လိုအပ်သည် များကို ဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် ကွန်ဟိန်းမြို့မှ ထွက်ခွာလာရာ ညနေ(၄)နာရီ(၄၅)မိနစ်က နမ့်စန် (တောင်) မြို့သို့ရောက်ရှိပြီး နမ့်စန်မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများနှင့်တွေ့ဆုံသည်။

 

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရမှ မြို့နယ်ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းကြသည်။

 

ထို့နောက် အထွေထွေဆွေးနွေးရာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖများ၊ စည်ပင် သာယာရေးကော်မတီ တို့မှ လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက်ရှင်းလင်း ကြသည်။

 

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဆိုလာမီးအိမ်ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ နှင့် ထောက်ပံ့ အလှူငွေ ကျပ်သိန်း(၃၀၀)ကို စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးအောင်စိုး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆန်း နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တို့က အသီးသီးလက်ခံရယူသည်။

 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကော်မတီ အသီးသီးမှ လိုအပ်ချက်တင်ပြမှုတို့ကို ဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ကိုယ်စားလှယ်၊ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 191 guests and no members online