ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပင်လုံမြို့ မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ဘုရားဖူးမျှော်၍ မိုင်းကိုင်၊ လဲချား မြို့မိမြို့ဖ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ ၁၉

 

005

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ(၁၉)ရက် နံနက်(၇)နာရီက ပင်လုံမြို့ မဟာရဋ္ဌာ ဘိသာမဂ္ဂီစေတီတော်ဘုရားသို့ ရောက်ရှိပြီး ပန်း၊ရေချမ်း၊ဆွမ်း၊သစ်သီးတို့ကို ဆက်ကပ်လှူဒါန်း၍ အလှူငွေများ ပေးအပ်ကာ ဧည့်သည်တော်မှတ်တမ်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်မှတ်ရေးထိုး ကြသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူတို့သည် ပင်လုံကျောက်တိုင်ဘက်စုံပြုပြင်မွမ်းမံနေမှုကို စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းတို့က ပုံစံကားချပ်များဖြင့်ရှင်းပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများသည် တောင်တန်းပြည်မ ပူးပေါင်းရေး ပင်လုံကျောက်တိုင်ကို အလေးပြုပြီး၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ပင်လုံမြို့မှ ဆက်လက် ထွက်ခွာလာရာ မိုင်းကိုင်မြို့သို့ရောက်ရှိပြီး နံနက်(၁၀)နာရီခွဲတွင် မိုင်းကိုင်မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မိုင်းကိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးညီညီစိုးမှ ဒေသဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အထွေထွေဆွေးနွေးကြရာ မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ မြို့မိမြို့ဖနှင့် ကျေးသီး မြို့နယ် မြို့မိမြို့ဖများနှင့် မြို့နယ်အထောက်အကူပြုကော်မတီများမှ မိမိတို့ဒေသအတွင်းလိုအပ်ချက်များ ဆွေးနွေးတင်ပြကြသည်။

 

၎င်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ဆိုလာမီးအိမ်ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ နှင့် အလှူငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းလှဝင်း တို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့က လက်ခံရယူသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့ကို မြို့မိမြို့ဖများက ဒေသထွက်ရှမ်းရိုးရာ ခက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကော်မတီများအသီးသီး တင်ပြချက်များကို ပြန်လည်ဖြည့်စွက်ဖြေရှင်း၍ နိဂုံးချုပ်အမှာ စကားပြောကြားကာ မိုင်းကိုင်မြို့ ဒေသထွက်အိမ်တွင်းမှုရိုးရာပစ္စည်းများကို လည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် မိုင်းကိုင်မြို့မှ ဆက်လက် ထွက်ခွာလာရာ ညနေ(၃)နာရီတွင် လဲချားမြို့သို့ရောက်ရှိပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊စည်ပင်သာယာရေးကော်မတီ၊မြို့မိမြို့ဖ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဦးပေါင်သာမြတ်မှ ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသတွင်းလိုအပ်ချက်များ ကို ရှင်းလင်းတင်ပြသည်။ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးစိုင်းချစ်ဆွေမှ လဲချားမြို့ဒေသလိုအပ်ချက်များကို တင်ပြ၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဦးစိုင်းကျော်ဇေယျတို့က ရှင်းလင်းတင်ပြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၏ ဒေသလိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ရှင်းလင်းကြ သည်။

 

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဆိုလာမီးအိမ်ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ထောက်ပံ့အလှူ ငွေ ကျပ်သိန်း(၃၀၀)ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က ပေးအပ်ရာ မြို့နယ် ပညာရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့မှ လက်ခံရယူကြသည်။

 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က ကော်မတီအသီးသီး၏ တင်ပြချက်များကို ဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် လဲချားမြို့မှ ထွက်ခွာလာရာ ညနေ(၆)နာရီတွင် လွိုင်လင်မြို့သို့ရောက်ရှိပြီး၊ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ လွိုင်လင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ကော်မတီအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလွမ်းမိုးဟန်မှ ဒေသဆိုင်ရာအချက်အလက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်တို့မှ မိမိဒေသကိုယ်စားလှယ်များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် လွိုင်လင်မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီအတွင်းရေးမှူး ဦးထွန်းရွှေမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို လိုအပ်ချက်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတို့က ဖွံ့ဖြိုး ရေးလုပ်ငန်းများ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအသီးသီးမှ ဒေသလိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ် ဝန်ကြီးများတို့က ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

 

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဆိုလာမီးအိမ်ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ကတ္တရာ (၆၇.၃၉၆)တန်တို့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က ပေးအပ်လှူဒါန်းရာ မြို့နယ် ပညာရေးမှူး၊ မြို့မိမြို့ဖ၊ စည်ပင်သာယာရေးကော်မတီတို့မှ အသီးသီးလက်ခံရယူသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအသီးသီးမှ လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ် ဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်းသတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 181 guests and no members online