ရှမ်းပြည်နယ်သတင်းများ

ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုအဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ  ၂၁

 

006

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာမှ တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီခွဲက ဖယ်ခုံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေနှင့် ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ဥက္ကဋ္ဌ ဦးမောင်ဌေးမှ ဒေသတွင်းလိုအပ်ချက်များကို ဆွေးနွေး၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းဟန်တို့က ဆွေးနွေးတင်ပြကြသည်။

 

   ထို့နောက် အထွေထွေဆွေးနွေးကြရာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကယန်းတိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

   ယင်းနောက် ကော်မတီများမှ လိုအပ်ချက်တင်ပြမှုတို့ကို ပြည်နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူ များ၊ ပြည်နယ်ဝန်ကြီးများတို့က မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက်ရှင်းလင်း ကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ကွန်ပျူတာ၊ ပညာရေးအတွက်ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း၊ ကျန်းမာရေးအတွက်ငွေကျပ် (၁၀)သိန်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး၊ ကျန်းမာရေးမှူးတို့က လက်ခံ၍လည်းကောင်း၊ ကယန်းစာပေ ယဉ်ကျေးမှုအတွက်ငွေကျပ် (၃၀)သိန်း၊ 200 KVA (၁)လုံး ခန့်မှန်းငွေကျပ်သိန်း (၂၀၀)တို့ကို ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှပေးအပ်ရာ ကယန်းတိုင်းရင်းသားရေးဝန်ကြီး ဦးလော့ရင်း နှင့် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတို့က လက်ခံ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့ပေးသော ကတ္တရာတန် (၅၀.၅၄)တန် ခန့်မှန်းတန်ဖိုးသိန်း(၄၀၀)နှင့်အတူ၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းရပ်ကွက် ဈေးလမ်းပေါ်ရှိ တံတားမှ အင်းသို့စီးဝင်သောရေနုတ်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် ငွေကျပ်(၃၀)သိန်းတို့ကို ပြန်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းလှဝင်းမှ ပေးအပ်ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းဟန်မှ လက်ခံရယူသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဒေသဆိုင်ရာဖွံ့ဖြိုးရေး အတွက်ကော်မတီအဖွဲ့များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြချက်များကို ပြန်လည်ဖြည့်စွက်  ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ဖယ်ခုံမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး၊ အမျိုးသားလူနာဆောင် နှင့် ကလေးလူနာဆောင် လုပ်ငန်းစတင်အကောင်အထည်ဖော်နေမှုကို လည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေ များနှင့် စားစရာများပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အောင်ပန်း-ပင် လောင်း-မိုးဗြဲ-လွိုင်ကော်လမ်းပေါ်ရှိ ဘီလူးချောင်းတံတား(မိုးဗြဲ) တည်ဆောက်နေမှုကို ကြည့်ရှုရာ ရှင်းလင်း ဆောင်ခန်းမတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် မှလို အပ်သည်များကို ဖြည့်စွက်ပြီး၊ တံတားဆောက်လုပ်နေမှုကို လည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော် (မိုင်၃၂/၀-၆၇/၀=၃၅မိုင်) လမ်းဖောက်လုပ်နေမှုကို ကြည့်ရှုရာ ပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးအင်ဂျင်နီယာမှူးကြီး ဦးတိုးခိုင်မှ မြေပုံကားချပ်များဖြင့် ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြားခဲ့သည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့သို့ရောက်ရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံပြီး ဝန်ထမ်းများစည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်ကြရန်၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိ၏လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးတွင်၊ လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင် ရွက်ကြရန် ပြောကြားသွားကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 122 guests and no members online

Latest Updates