ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရွာငံမြို့ အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ပန္နက်တင် မင်္ဂလာနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ   ၂၂

 

007

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင် အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒီဇင်ဘာ (၂၂) ရက် နံနက် (၁၀) နာရီက ရွာငံမြို့၊ အခြေခံပညာအထက် တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် ပန္နက်တင်မဂင်္လာ အခမ်းအနားတက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မင်္ဂလာအချိန် ကျရောက်သောအခါ ပန္နက်ရိုက်ပေးကြသည်။

 

ဆက်လက်၍ ကျောင်းဆောက်လုပ်ရေးတာဝန်ခံမှ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် အစီအစဉ် များအား ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့ သည် ကျောင်းအားကစားကွင်းအား စက်ယန္တရားဖြင့် မြေညှိခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် နံနက် (၁၀) နာရီမိနစ် (၂၀)က ဗထူးခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရွာငံမြို့နယ် အတွင်းရှိကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားရာ ရွာငံမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသအချက်အလက်များကောက်ယူရန်နှင့် ဒေသဖွံ့ဖြိုး မှု၊ အေးချမ်းမှု၊ တိုင်းရင်းသားများညီညွတ်စွာ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ ရွာငံမြို့ သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များရှိပါကြောင်း ပြောကြားသွားသည်။

 

၎င်းနောက် ရွာငံမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က ဒေသဆိုင်ရာအချက် အလက်နှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးသန်းဦးက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြသည်။

 

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးချစ်ငွေက စည်ပင်သာယာရေးနှင့် ဆိုင်ရာ လိုအပ်ချက်များ တင်ပြ၍ တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုအဖွဲ့နှင့် မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကိုကိုမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီး များက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့နှင့် မြို့မိမြို့ဖများ၏ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များတင်ပြတောင်းဆိုမှုကို မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ဖြေရှင်းပေးကြသည်။

 

ထို့နောက် ထောက်ပံ့အလှူငွေများပေးအပ်ရာ ပညာရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ လှူဒါန်းငွေကျပ် (၁၀) သိန်း၊ ကွန်ပျူတာ(၂)စုံ၊ ကျန်းမာရေးအတွက် ငွေကျပ်(၁၀)သိန်းတို့က ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာခင်မိုးလှိုင်တို့က လက်ခံရယူကြသည်။

 

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ဆိုလာမီးအိမ်(၁၀)လုံးနှင့် ဓနုစာပေယဉ်ကျေးမှုအတွက် ငွေကျပ်သိန်း(၃၀)တို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှလည်း ကောင်း၊ ရွာငံမြို့နယ်သာသနာ့ဗိမ္မာန်ဆောက်လုပ်ရန်အတွက လှူဒါန်းငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိမ်းမောင်မှလည်းကောင်း၊ ကျေးရွာများရေရရှိရေးနှင့် ရေစုကန်များတည်ဆောက်ရန် ငွေကျပ်သိန်း (၃၀၀)နှင့် မြနန္ဒာရေကန် ကန်ပတ်လမ်းပြုလုပ်ရန်အတွက် ဒီဇယ်ဆီ(၅၀၀)ဂါလံ တို့ကို ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က ပေးအပ်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာ ယာရေးကော်မတီ၊ မြို့မိမြို့ဖများမှ အသီးသီးလက်ခံရယူကြသည်။

 

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကိုကိုမှ သိမ်ကုန်းကျေးရွာအုပ်စု ငွေတောင်ဘုန်းကြီးကျောင်း သွပ်မိုးရန်အတွက် အလှူငွေကျပ်(၂၅)သိန်းပေးအပ်ရာ သိမ်ကုန်းကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဌေးလှိုင်မှ လက်ခံရယူသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီအသီးသီးနှင့် မြို့မိမြု့ဖများ တင်ပြတောင်းဆိုချက်များကို ပြန်လည်ဖြည့်စွက်ရှင်းလင်း၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရွာငံမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တည်ဆောက်မည့်နေရာနှင့် မြနန္နာကန်ပတ်လမ်းဖောက်လုပ်နေမှုကို လှည့်လည်ကြည့်စစ်ဆေးပြီး၊ ပြည်သူ့ဆေးရုံတို့ကို သွားရောက်၍ လူနာများကို ထောက်ပံ့ငွေများပေးအပ်ကာ ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွာငံမြို့နယ် မြိုင်တိုက်နယ်ဆေးရုံတို့တွင် လူနာများကို ထောက်ပံ့ငွေများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 132 guests and no members online