ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၃ဝ

 

010

 

ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဒီဇင်ဘာလ (၃ဝ)ရက် နံနက်(၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ် (၁၄ဝ)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၁)ဦး တက်ရောက်ကြသည်။

 

ပထမဦးစွာ ရှမ်းပြည်နယ်လွတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ပြည်နယ်လွတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း(၁ဝ)ခု မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

ထို့နောက် ရှမ်းပြည်နယ် ဘဏာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂ဝ၁၄-၂ဝ၁၅ ခု ဘဏာရေးနှစ် ပြင်ဆင်ရေးဆွဲပြီးသော မူလခန့်မှန်းခြေငွေစာရင်းနှင့် ၂ဝ၁၃-၂ဝ၁၄ ခု ဘဏာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏာရေးဝန်ကြီး ဦးခွန်သိန်းမောင် က လွတ်တော်သို့ တင်သွင်းပြီး၊ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် (၃)ဦးတို့မှ လွတ်တော်သို့ အဆို(၄)ခု တင်သွင်းရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၄)ဦး က ထောက်ခံ ဆွေးနွေးပါသည်။ ယင်းအဆိုအား လက်ခံဆွေးနွေးရန် လွတ်တော်၏ သဘောတူညီချက်ရယူရာ သဘောတူညီကြကြောင်းနှင့် ယင်းအဆိုအား ထောက်ခံဆွေးနွေးမည့် လွတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအား ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့် က လွတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

 

ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန် အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ညနေ (၁၅ဝဝ)နာရီတွင် ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 65 guests and no members online

Latest Updates