ရှမ်းပြည်နယ်သတင်းများ

(၅၆) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၂၇

 

011

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်ရိုက် ပြိုင်ပွဲကို ဒီဇင်ဘာ (၂၇)ရက် နံနက် (၇)နာရီက တောင်ကြီးမြို့၊ အေးသာယာဂေါက်ကွင်း၌ ကျင်းပရာပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားရာ မြန်မာနိုင်ငံမှာ အစိုးရတာဝန်ယူတဲ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဘက်စုံပြောင်းလဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၃ ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရွေတံဆိပ်၊ ငွေတံဆိပ်များရယူပေးခဲ့ကြောင်း၊ ဂေါက်သီးရိုက်အားကစား သည် စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ နည်းစနစ်ကျွမ်းကျင်လေ့ကျင့်ပျိုးထောင် နိုင်သည့် ဘက်စုံပညာရပ်ဝင်သည့် အားကစားအဆင့် အတန်းမြင့်မားရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ ချစ်ကြည်ရင်းနှီးရေး၊ ကဏ္ဍစုံတွင်ရှိနေတဲ့ အားကစားတွေ ခေတ်မီစွာနှင့် နိုင်ငံတော်အဆင့် ဂုဏ်ဆောင်နိုင်သည့် အားကစားကိုဆောင်ရွက်နိုင်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဇဖလား ဂေါက်သီး ရိုက်ဖလားကို ယခုရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး နှင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ တွင် အလှည့်ကျပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသွား သည်။

 

ဆက်လက်၍ (၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေး ကော်မတီနာယက၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သီရိပျံချီ စိုးထွဋ် နှင့် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့က ပြိုင်ပွဲကိုဂေါက်သီးရိုက် ဖွင့်လှစ်ပေး ကြသည်။

 

ထို့နောက်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ တို့သည် ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အသင်းသားများအား လိုက်လံနှုတ်ဆက်ကြပြီး၊ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းပြီးနောက် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ကို ဆက်လက်ယှဉ်ပြိုင်သွားကြကြောင်းသိရှိရသည်။

 

အဆိုပါ(၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြိုင်ပွဲကျင်းပရေးကော်မတီနာယက အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သီရိပျံချီ စိုးထွဋ်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ ယှဉ်ပြိုင်ကြ၍ ပြိုင်ပွဲဝင်အသင်းရှမ်း(တောင်)၊ရှမ်း(မြောက်)၊ ရှမ်း(အရှေ့) မှ စုစုပေါင်း (၄၂)သင်းယှဉ်ပြိုင် ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates