ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၃၁

 

012

 

   ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ဒီဇင်ဘာလ (၃၁)ရက် နံနက်(၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ် (၁၄ဝ)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၇)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်ကြပါသည်။

 

   ပထမဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ်လွတ်တော်သို့ မိန့်ခွန်းပြောကြားပြီး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၉)ခုအား သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော " ရှမ်းပြည်နယ် ဘဏာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂ဝ၁၄-၂ဝ၁၅ ခု ဘဏာရေးနှစ် ပြင်ဆင်ရေးဆွဲပြီးသော မူလခန့်မှန်းခြေငွေစာရင်းနှင့် ၂ဝ၁၃-၂ဝ၁၄ ခု ဘဏာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)"တို့နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘောတူညီသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်းကြေညာပါသည်။

 

   ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ကွန်ဟိန်းမြို့နယ် မဲန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနု(ဥပဒေပြုရေးကော်မတီ ဥက္ကဌ)က လွှတ်တော်သို့ တင်သွင်းခြင်း၊ ယမန်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သော အဆို(၄)ရပ်အား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းတို့ကို ဆောင်ရွက်ရာ အဆို(၃)ရပ်အား မှတ်တမ်းတင်ကြောင်းနှင့် အဆို(၁)ရပ်အား အတည်ပြုကြောင်း ကြေညာပါသည်။

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အင်းလေးဒေသဟိုတယ်ဇုန်လုပ်ငန်းတိုးတက်မှု ရှင်းလင်းချက် အစီရင်ခံစာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းကလည်းကောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ တောင်ကြီးမြို့၊ ကုန်ခြောက်သား/ငါးစျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ဝန်ကြီး ဦးစိုင်းနော်ခမ်းကလည်းကောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ တောင်ကြီးမြို့၊ ကုန်ခြောက်သား/ငါးစျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းကလည်းကောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြကြပါသည်။

 

   ဆက်လက်၍ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဌ အဖြစ် လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်အား ရွေးချယ်ကြောင်း လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာပါသည်။

 

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန် အစည်းအဝေး(ဒုတိယနေ့) အစီအစဉ်ကို ညနေ (၁၅၁ဝ)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 55 guests and no members online

Latest Updates