ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ ကျန်းမာရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ

တောင်ကြီး   ဒီဇင်ဘာ   ၂၈

 

001

 

   (၂၈-၁၂-၂၀၁၃)ရက်နေ့၊ နံနက်(၆)နာရီအချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ စဝ်စံထွန်းဆေးရုံကြီးမှ မျက်စိ၊ သွား အထွေထွေရောဂါကု ဆရာဝန်ကြီးများ၊ မြို့နယ် ဆရာဝန်ကြီးများ၊ တိုင်းရင်းဆေးကု ဆရာများ လိုက်ပါလျက် ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေး အဖွဲ့ဝင်များ၊ ရာစုသစ်သွေးလှူရှင် အသင်းဝင်များ ပူးပေါင်းပါဝင်ပြီး တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ ဘန်းပြင်ကျေးရွာအုပ်စု၊ ကြိမ်ခင်းကျေးရွာအုပ်စု၊ လုံးပိုးကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ နန်းတလင်းကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုတို့ရှိ ရွာပေါင်း (၁၀၀)တွင် နေထိုင်ကြသော ဒေသခံကျေးရွာများရှိ ပြည်သူစုစုပေါင်း (၁၄၃၄)ဦးနှင့် အရေးပေါ်ခွဲစိပ်ရမည့် လူနာအမျိုးသမီးတစ်ဦးအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ခွဲစိတ်ကုသနိုင်ရေးတို့အတွက် ကွင်းဆင်းပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။

 

   (၂၉-၁၂-၂၀၁၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး)၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံတွင် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါကင်းဝေးသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစုလိုက် အပိုဆောင်း မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း(၂၀၁၄) ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားပေးခဲ့ပါသည်။

 

   မြန်မာနိုင်ငံတွင် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေရန် (၁၉၉၇)ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ အရှင်မွေးကလေး (၁၀၀၀)လျှင် တစ်ယောက်အောက် လျော့နည်းအောင် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ရာ (၂၀၁၀)ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် မြန်မာနိုင်ငံ၌ မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်ဝေးကြောင်း ကမ္ဘာသို့ ကြေညာနိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။

 

   ထိုသို့ ကင်းဝေးသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် နည်းဗျူဟာ (၄)ရပ် ချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိပြီး၊ အသက်(၁၅)နှစ်မှ (၄၅)နှစ်အရွယ် အမျိုးသမီးများအား မေးခိုင်ရောဂါကာကွယ်ဆေး (၃)ကြိမ် အစုလိုက် အပိုဆောင်း ထိုးပေးမည့် အစီအစဉ်ကို (၂၀၁၄)ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် သြဂုတ်လတို့တွင် (၃)ကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်းကိုလည်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 80 guests and no members online

Latest Updates