ရှမ်းပြည်နယ်သတင်းများ

ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ

တောင်ကြီး   ဒီဇင်ဘာ  ၂၉

 

002

 

   (၂၉-၁၂-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် တောင်ကြီးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်သော "ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ" အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ အခြေခံပညာမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် စိတ်ပါဝင်စားကြသူများ တက်ရောက်ခဲ့ကြသည်။

 

   ဆွေးနွေးပွဲ အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်မှ "အဆင့်မြင့်ပညာရေး ရည်မှန်းချက်၊ မူဝါဒလုပ်ငန်းစဉ်များ"ကဏ္ဍကို လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆီခမ်းမှ "အမျိုးသားပညာရေး ဥပဒေနှင့် ဆက်စပ်ဥပဒေများ" ကဏ္ဍကို လည်းကောင်း၊ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းစန်းရီမှ "တက္ကသိုလ်များ စုစည်းရေး" ဆွေးနွေးခြင်းကဏ္ဍကို လည်းကောင်း၊ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နန်းဖြူဖောင်းမှ "အခြေခံပညာရေး လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်နှင့် မူဝါဒများ" ကဏ္ဍကို လည်းကောင်း မူကြမ်းများကို အသီးသီး ဖတ်ကြားတင်ပြခဲ့ကြပါသည်။

 

   ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လူမှုဝန်ထမ်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ပင်လုံမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးမှူး၊ ဓနုယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်တစ်ဦး၊ အထက(၄)မှ ကျောင်းဆရာမတစ်ဦး၊ နည်းပညာတက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦးတို့မှ ကဏ္ဍအသီးသီးတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြပါသည်။

 

   ထိုသို့ ပါဝင်ဆွေးနွေးခဲ့မှုအပေါ် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တက္ကသိုလ် ပါမောက္ခချုပ်များ ဖြစ်ကြသော ဒေါက်တာမူမူမြင့်၊ ဒေါက်တာနန်းဆီခမ်း၊ ဒေါက်တာစန်းစန်းရီ၊ ကျောင်းအုပ်ကြီး ဒေါ်နန်းဖြူဖောင်းနှင့် အေးသာယာနည်းပညာတက္ကသိုလ်မှ ဆရာတစ်ဦး၊ ပင်လုံနည်းပညာတက္ကသိုလ်မှ ဆရာတစ်ဦးတို့မှ ကဏ္ဍအသီးသီးအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြပါသည်။

 

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ယခု ဆွေးနွေးတင်ပြချက်များ/ အကြံပြုချက်များကို စုစည်းပြီး ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာကဏ္ဍ၌ မကြာမီ ဆောင်ရွက်ပေးမည့် ရှမ်းပြည်နယ်အတွင်း နေ့စားလပေး မူလတန်းဆရာ/ဆရာမများ ခန့်ထားရေးကိစ္စနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်း ပြောကြားပြီး ဆွေးနွေးပွဲ အခမ်းအနားကို ညနေ(၄:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 81 guests and no members online

Latest Updates