ရှမ်းပြည်နယ်သတင်းများ

၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၀၃

 

004

 

   ရှမ်းပြည်နယ်၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၃)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းဖွား၊ ရိုးရာအက၊ ကာယလှုပ်ရှား စွမ်းရည်ပြသနေမှုအား ကြည့်ရှုပြီး ပညာရေးစုံညီပွဲတော် ပြခန်းများအား လှည့်လည်ကြည့်ရှုကာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"သီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် အထက်တန်းမှ မူလတန်းအထိ လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် ဘက်စုံပညာရည်ချွန်ဆု၊ စာစီစာကုံး၊ ကဗျာစသည့် ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ဆုရ ဆရာ/ဆရာမများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

 

   ယင်းနောက် ပညာရေးစုံညီပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက လက်ခံရယူသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 228 guests and no members online

Latest Updates