ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် ကုမ္ပဏီလီမိတက်များတို့နှင့် နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား

တောင်ကြီး   ဇန်နဝါရီ   ၀၃

 

003

 

   ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အလင်းရောင်ကြယ်သစ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ မူဆယ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့နှင့် နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ(၃)ရက်၊ နေ့လည်(၁၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ နားလည်မှု စာချွန်လွှာများနှင့် ပတ်သက်၍ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ ကုမ္ပဏီလီမိတက်များနှင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဘက်မှ လက်မှတ်ရေးထိုးပြီး၊ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အလင်းရောင်ကြယ်သစ် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ မူဆယ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြသည်။

 

   ထို့နောက် ကုမ္ပဏီလီမိတက်များမှ လုပ်ငန်းဆိုင်ရာ ရှင်းလင်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီလီမိတက်များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 184 guests and no members online

Latest Updates