ရှမ်းပြည်နယ်သတင်းများ

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား နှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၀၄

 

005

 

   ရှမ်းပြည်နယ်၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ(၄)ရက်၊ နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌  ကျင်းပရာ ပြည်နယ်အရံတပ်ခွဲမှူး ဒုတိယရဲမှူးကြီးမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

   ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပရာ ပထမဦးစွာ စစ်ရေးပြတပ်ခွဲက စစ်ကြောင်းဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်အား အလေးပြုကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုခြင်း သစ္စာအဓိဋ္ဌာန် (၄)ချက်တို့ကို ရွတ်ဆိုကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း (နားယောင်း-ရတနာသီရိ) ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ကြပြီး၊ နားယောင်းရေစက်ရုံ ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ လည်းကောင်း၊ နားယောင်းရေတင်စက်ရုံ Start Motor ခလုတ်အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ လည်းကောင်း၊ နားယောင်းကျေးရွာရေစက်ရုံ ရေစက် Start Motor ခလုတ်အား တောင်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နားယောင်းရေတွန်းစက်ရုံ ရေပေးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြ၍ အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ ရောက်ရှိနေရာယူပြီး၊ တောင်ကြီးမြို့ တိုးချဲ့ရေပေးရေဝေရေး အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားကာ၊ နားယောင်း ရေပေးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အခမ်းအနား တက်ရောက်လာသော မိဘပြည်သူပရိသတ်များအား ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း (နားယောင်း-ရတနာသီရိ) ရေရရှိရေး ဆောင်ရွက်ပေးခဲ့သဖြင့် မိဘပြည်သူများကိုယ်စား တောင်ကြီးမြို့၊ ရေရရှိရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေသာယာရေးဖောင်ဒေးရှင်း၊ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ တောင်ကြီးမြို့တွင်း လမ်းနှင့် တံတားများ အဆင့်မြှင့်တင် မွမ်းမံ ဆောင်ရွက်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၂၀၀၀)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလှဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်တို့က လက်ခံရယူကြသည်။

 

   ယင်းနောက် တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း (နားယောင်း-ရတနာသီရိ) ရေပေးရေးဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များအား ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း(ညွှန်ကြားရေးမှူး)မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်တို့အား နေရာအရောက် ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းအား လည်းကောင်း၊ ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့က အသီးသီး လက်ခံရယူကြပြီး၊ တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း (နားယောင်း-ရတနာသီရိ) ရေပေးရေး ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများ၊ ပြခန်းများနှင့် ဂါလံ (၁)သိန်းဆံ့ ရေစုကန်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

   အဆိုပါ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ စစ်ရေးပြတပ်ဖွဲ့နှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 98 guests and no members online