ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၀၇

 

005

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ(၇)ရက်၊ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးခရိုင်စီမံခန့်ခွဲမှုကော်မတီသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၅၃၀)ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ လက်ခံရယူ၍ လည်းကောင်း၊ လွိုင်လင်ခရိုင်စီမံခန့်ခွဲမှုကော်မတီသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၁၆၀၀)ကို လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းမှ လက်ခံရယူ၍ လည်းကောင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီသို့  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀၀)ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ လက်ခံရယူပြီးနောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး၊ တောင်ကြီး/လွိုင်လင်ခရိုင်တို့မှ စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 83 guests and no members online