ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၀

 

008

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများသည် တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ(၁၀)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် "ရှမ်းပြည်နယ်တွင် အဓိကကျသည့် ရပ်ကွက်/ကျေးရွာအထောက်အကူပြုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအမှူးများအားလုံးကို ကော်မတီစနစ်နှင့် နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြောင်းလဲမှုအခြေအနေအရ လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ တွေ့ရှိရသည့် အခက်အခဲများနှင့် ဖြေရှင်းရန်ကျန်ရှိသည့် ကိစ္စရပ်များကို ယနေ့တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ အထောက်အကူပြုကော်မတီ အသီးသီးမှ တင်ပြဆွေးနွေးချက်များကို အခြားစီမံခန့်ခွဲရေးကော်မတီများကလည်း ပြန်လည်ဖြေရှင်းရန်အတွက် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ရန် မှတ်တမ်းတင်ထားရှိပြီး၊ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သိရှိနိုင်ရန်အတွက် ဆောင်ရွက်ရသော အခမ်းအနားဖြစ်ကြောင်း"ပြောကြားသွားသည်။

 

   ဆက်လက်၍ တောင်ကြီးမြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ အတွင်းရေးမှူး ဦးမောင်မောင်မြင့်၊ ဥက္ကဌ ဦးစိုင်းအောင်ဆာ၊ အဖွဲ့ဝင် ဦးစိုင်းအုန်းခေါင်တို့က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြ၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် စျေး၊ ရေ၊ မီး၊ လမ်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဦး၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိမှ စည်ပင်သာယာရေး ဆောင်ရွက်ချက်များကို ရှင်းလင်း၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရဲမှူး ဦးမောင်မောင်ဝင်းတို့မှ အသီးသီး ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် တောင်ကြီးမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က လယ်ယာမြေ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး၊ တောင်ကြီးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဆွေးနွေးတင်ပြကြသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီများက ရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စရပ်များကို အထွေထွေ ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် ကော်မတီ အသီးသီးမှ ဆွေးနွေးတင်ပြချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ပြန်လည်ဖြည့်ဆည်း ရှင်းလင်းပြပြီး၊ တောင်ကြီးမြို့ပေါ် ကတ္တရာလမ်း  (၁၇)လမ်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော (၂၀၄.၃၇)တန် ခန့်မှန်းတန်ဖိုး (၁၅၁၂.၃၃၈)သိန်းအား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က ပေးအပ်ရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ လက်ခံရယူသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကော်မတီ အသီးသီး၏ ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီများ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 94 guests and no members online