ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ညောင်ရွှေ၊ ရပ်စောက်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၁

 

009

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများ၊ ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီ(၁၁)ရက်၊ နံနက်(၈)နာရီက ညောင်ရွှေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ညောင်ရွှေမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှမှ ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်အောင်ကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစံရွှေတို့က ဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေ၊ မီး၊ လမ်း၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များကို အထွေထွေ ဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် ကော်မတီ အသီးသီး၏ တင်ပြချက်များ၊ မြို့မိမြို့ဖများ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တင်ပြတောင်းဆိုချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့မှ ထွက်ခွာလာရာ မွန်းလွှဲ(၂)နာရီတွင် ရပ်စောက်မြို့၊ ရတနာသီရိခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသက်နိုင်ဦးက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးသန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချိုဝင်းတို့က မိမိကျေးရွာဒေသ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီချုပ် ဦးစဝ်အောင်မြတ်က ကော်မတီများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အေင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ရပ်စောက်မြို့ရှိ အင်းခေါင်းကန် ရေဆိုးထုတ်မြောင်းနှင့် နုန်းတားတမံ ပြုလုပ်မည့် နေရာများကို လှည့်လည်ကြည့်ရှုရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားခဲ့သည်။

 

   အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့်  ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 65 guests and no members online