ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၁၂

 

010

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇန်နဝါရီ(၁၂)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမိုးခိုင်ထွန်းမှ ကလောမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် တက်ရောက်လာကြသော မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မတီဝင်များဖြစ်သည့် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းမြို့တို့မှ ကော်မတီဝင်များက ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ လမ်းတံတား ကောင်းမွန်ရေး၊ လယ်ယာမြေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ကော်မတီများ၊ ရပ်ကွက်/ကျေးရွာများ၊ မြို့မိမြို့ဖများ တင်ပြဆွေးနွေးချက်ကို သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

   ၎င်းနောက် ကလောမြို့နယ် ရေပိုက်လိုင်းများ၊ လမ်းများတိုးချဲ့ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်သိန်း (၃၀၀)အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦစိုင်းလှဝင်းမှ ပေးအပ်ရာ ကလောမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးကျော်ဇင်မှ လက်ခံရယူ၍ လည်းကောင်း၊ ကလောမြို့နယ် ပညာရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာ (၂)စုံအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ ကလောမြို့နယ် ပညာရေးမှူးမှ လက်ခံ၍ လည်းကောင်း၊ ကလောမြို့နယ်ရှိ တောင်ရိုးတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ဓနုတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်(၁၀)သိန်းစီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက အသီးသီး လက်ခံ၍ လည်းကောင်း၊ ကလောမြို့နယ် သိမ်တောင်ဘုရား အတက်လမ်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ကတ္တရာ (၁၁.၅၇)တန်ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ တာဝန်ရှိသူ ဂေါပကတစ်ဦးမှ လက်ခံရယူပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အုပ်ချုပ်ရေးမှူးများနှင့်  ဒေသခံတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။