ရှမ်းပြည်နယ်သတင်းများ

အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဇန်နဝါရီ  ၁၄

 

011

 

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်း အဆင့်တိုးမြှင့်ပွဲကို ဇန်နဝါရီ ၁၄ ရက်နံနက် (၉)နာရီက အဆိုပါအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ကျောင်းမုဒ်ဦးရှေ့၌ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည်  အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာဖြင့် ပက်ဖြန်းပေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် ရိုးရာအကပဒေသာများနှင့် ကျောင်းဝင်းအတွင်းခင်းကျင်းပြသထားသော သင်ကြားမှု သင်ယူမှုအထောက်အကူပြု စာသင်ခန်းများလည့်လည်ကြည့်ရှု အားပေးကြသည်။

 

   ထို့နောက်အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှရှမ်းပြည်နယ်ပညာရေးအခြေအနေများ တင်ပြ ရှင်းလင်းခြင်း၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးရီမှ ကျောင်းသမိုင်းအကျဉ်းကို ဖတ်ကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

 

   ၎င်းနောက် ထောက်ပံ့အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့် တို့မှငွေကျပ်(၁၀)သိန်းပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကွန်ပျူတာ (၂)လုံးနှင့် ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ လည်းကောင်း ပေးအပ် လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာမကြီး မှလက်ခံရယူသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးဦးချစ်ဆွေ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ပြုံးရီတို့က အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းအတွက် လှူဒါန်းပေး ကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကြောင်းသိရှိရသည်။

 

   အဆိုပါ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ပွဲသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလှူရှင်များ၊ မိဘပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက် ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 77 guests and no members online