ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၄) သို့ တက်ရောက်အမှာစကားပြောကြားခြင်း

တောင်ကြီး   ဇန်နဝါရီ   ၁၆

 

012

 

 ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ညွန့် သည် ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာနတွင် ပြုလုပ်သည့် သမဝါယမလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၄)သို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ပို့ကုန် မြှင့်တင်ရေးနှင့် စက်မှုလက်မှု ကဏ္ဍ များတွင် သမဝါယမလုပ်ငန်းများမှ ပါဝင်ဆောင်ရွက်ရေး၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း(SME)များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မကြာမီရရှိမည့် တရုတ်နိုင်ငံ EXIM Bank မှ ရရှိသော ချေးငွေများမှာ နိုင်ငံတော်အဆင့် ချေးငွေဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်သွားရေးတို့ကို မှာကြား ခဲ့ပါသည်။

 

   အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများအခြေအနေ၊ အသင်းသူ/အသင်းသားများ၏ ချေးငွေပေးအပ်မှု၊ ပြန်လည် ကောက်ခံရရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပါသည်။