ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် မိုးနဲ၊ မောက်မယ်မြို့နယ် မြို့မိမြို့ဖ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ  ၁၉

 

014

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ(၁၉)ရက် နံနက်(၉)နာရီခွဲက မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မိုးနဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးမြတ်ကျော် မှ ဒေသဆိုင်ရာလုပ်ငန်း အချက်အလက်များအား ရှင်းလင်း တင်ပြသည်။

 

   ဆက်လက်၍ မိုးနဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးသန့်မှ  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မိုးနဲမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးသိန်းဝေမှ စည်ပင်သာယာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မောက်မယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးတင်မောင်စိုး၊ မောက်မယ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးမှ ဒေသဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ မြို့သာယာလှပရေးတို့ကို တင်ပြ၍ လည်းကောင်း၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းညှိမြမှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြ၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မိုးနဲ၊ မောက်မယ် မြို့နယ်အထောက်အကူပြုကော်မတီများမှ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

 

   ယင်းနောက် မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးအတွက် ရံပုံငွေ ပေးအပ်လှူဒါန်းရာ မိုးနဲ၊ မောက်မယ် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၄၀၀)စီကို လည်းကောင်း၊ ကျိုင်းတောင်းမြို့နယ်ခွဲ  စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျိုင်းတောင်းမြို့နယ်ခွဲစည်ပင်သာယာရေးကော်မတီသို့ငွေကျပ်သိန်း(၁၀၀) အသီးသီးတို့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ သက်ဆိုင်ရာကော်မတီများမှ လက်ခံရယူကြပြီး၊ မိုးနဲ၊ မောက်မယ် မြို့နယ်ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ကွန်ပျူတာ (၂)စုံစီကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ ပေးအပ်လှူဒါန်းရာ မြို့နယ်လက်ထောက်ပညာရေးမှူး တို့က အသီးသီး လက်ခံရယူကြသည်။

 

   ၎င်းနောက် လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ မိုင်းပန်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ မောက်မယ်မြို့နယ် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေကျပ် တစ်ဖွဲ့လျှင် (၁၀)သိန်းစီဖြင့် ငွေကျပ်သိန်း(၅၀)အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူတို့က အသီးသီး လက်ခံရယူကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ကော်မတီ အသီးသီးနှင့် မြို့မိမြို့ဖများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ပြန်လည်ဖြည့်စွက်မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံအား ကြည့်ရှုစစ်ဆေးပြီး လှူနာများကို ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး၊ မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦ ဆောက်လုပ်နေမှုအား လည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

 

    အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိုးနဲ၊ မောက်မယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 215 guests and no members online

Latest Updates