ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် မြို့မိမြို့ဖ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ  ၁၈

 

013

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ(၁၈)ရက်၊ နေ့လည်(၁၂)နာရီက လင်းခေးမြို့၊ နွယ်၀တီခန်းမ၌ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းမှ ဒေသဆိုင်ရာလုပ်ငန်း အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

 

 

   ဆက်လက်၍ လင်းခေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဦးဝေမောင်မှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ လင်းခေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးကျော်သန်းမှ စည်ပင်သာယာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မြို့နယ်အထောက်အကူပြုကော်မတီ ဦးအောင်သန်းမှ ဒေသဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ လမ်းကောင်းမွန်ရေး၊ မြို့သာယာလှပရေးတို့ကို တင်ပြ၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလွင်မှ နမ့်ဖာလုံ ရေလှောင်တမံနှင့် ပက်သက်၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးသန်းကျော်မှ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြကြသည်။

 

   ထို့နောက် မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ မိုင်းပန်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်း၍ လည်းကောင်း၊ မိုင်းပန်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဦးဟန်ဌေးမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးစိုင်းအောင်ထွန်းမှ စည်ပင်သာယာရေးကော်မတီနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသည့် လင်းခေးမြို့နယ်အထောက်အကူပြု ကော်မတီများမှ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပေးရေး၊ လမ်းကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ဆွေးနွေး တင်ပြကြသည်။

 

   ယင်းနောက် မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဆွေးနွေး တင်ပြမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက် ရှင်းလင်းကြသည်။

 

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးအတွက် ရံပုံငွေ ပေးအပ်လှူဒါန်းရာ လင်းခေးမြို့နယ် စည်ပင်သာယာရေးကော်မတီအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၂၀၀)၊ လင်းခေးမြို့နယ် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း (၁၀၀)၊ ဟိုမိန်းမြို့နယ်ခွဲ စည်ပင်သာယာရေးကော်မတီအတွက် ငွေကျပ်သိန်း (၁၀၀)၊ မိုင်းပန်မြို့နယ် စည်ပင်သာယာရေးကော်မတီအတွက် ငွေကျပ်သိန်း (၂၀၀)၊ မိုင်းပန်မြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် ငွေကျပ်သိန်း (၂၀၀) အသီးသီးတို့အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ပေးအပ်ရာ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထေက်အကူပြုကော်မတီတို့မှ လက်ခံရယူ၍ လည်းကောင်း၊ ဆက်လက်၍ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ကွန်ပျူတာ (၂)စုံစီကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးများမှ အသီးသီး လက်ခံရယူကြသည်။

   

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ကော်မတီ အသီးသီးနှင့် မြို့မိမြို့ဖများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးမှု အပေါ် ပြန်လည်ဖြည့်စွက် မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လင်းခေး၊ မိုင်းပန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 68 guests and no members online