ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၀

 

 015

 

   ရှမ်းပြည်နယ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းရေး တွေ့ဆုံပွဲကို ဇန်နဝါရီ (၂၀) ရက်နေ့ နေ့လည် (၁၂) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာ စက်မှုဇုန်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် “စက်မှုဇုန်အတွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် စက်မှုလုပ်ငန်းရှင်များ၏ဆောင်ရွက်နေတဲ့အခြေအနေကို သိရှိနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားအကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမှာ ယခုစက်မှုဇုန်မှာရှိသည့် စက်မှုကုန်ထုတ် လုပ်ငန်းများအပါအဝင်၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်းများ၊လက်လီလက်ကားရောင်းဝယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အစရှိသည့်စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်း စီးပွားရေးလုပ်ငန်းများ၏ ၉၅%ကျော်သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၉၅%ကျော် ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို စွမ်းရည် မြှင့်တင်ပေးနိုင်သည့်အပြင် ဖွံ့ဖြိုးမှု၏အဓိကမောင်းနှင်အား ဖြစ်ကြောင်း၊ ကျေးလက်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့်အလုပ်အကိုင် အခွင့်အလမ်း များကိုပေးစွမ်းနိုင်သည့်အတွက် အသက် သွေးကြောသဖွယ် အရေးပါလျက်ရှိပါကြောင်း၊ ယခုစက်မှုဇုန်အတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများကို မိမိတို့ဒေသအခြေအနေ၊အချိန်ကာလနှင့် ကိုက်ညီသည့်လုပ်ငန်းများ အပေါ် မူဝါဒချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ မိမိတို့နိုင်ငံသို့ဖိတ်ခေါ်ဆွေးနွေးခြင်း၊ ပညာတော်သင်များစေလွှတ်ခြင်းတို့ဖြင့် တွေ့ရှိချက်များအပေါ် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် အခြား SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့်အလျင်အမြန်ဆောင်ရွက်နိုင်ရန် အတွက် SME ဥပဒေမူကြမ်းအားရေးဆွဲထားရှိပြီး အတည်ပြုနိုင်ရေးဆောင်ရွက်နေသလို စက်မှုဇုန်များနှင့် ပက်သက်သည့်ဥပဒေကိုလည်း နေရာဒေသ၊ အခြေအနေ၊ အချိန်အခါတို့နှင့် ကိုက်ညီအောင်ရေးဆွဲလျက် ရှိပါကြောင်း၊ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် အခြေခံဖြစ်သည့် SME များ၏ အခြေအနေ စာရင်းဇယား၊ SMEများ အချင်းချင်းအစုအဖွဲ့များဆောင်ရွက်ထားမှု၊ အဲဒီအပေါ်တွင် ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်ကို ယဉ်ပြိုင်ထိုးဖောက်နိုင်စေရေးအတွက် အစုအဖွဲ့များ၏လိုအပ်ချက်များကို အလျင်အမြန် သိရှိတင်ပြဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစုအဖွဲ့ (Cluster) များနှင့်ပက်သက်သည့်အချက်အလက် များ၊ လိုအပ်ချက်များကို အလျင်အမြန်သိရှိမှသာ ဖွံ့ဖြိုးတိုးတက်စေမည့် SME အစုအဖွဲ့များဖော်ထုတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ချက်များသိရှိပြီး ဒေသအတွင်းကိုက်ညီမည့် SME တွေကို အလျင်အမြန်ဖြည့်ဆည်း ဆောင်ရွက်နိုင်မည်သကဲ့သို့ ကျန်ရှိသည့် SME များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အစုအဖွဲ့များအလျင်အမြန်ဖွဲ့စည်းရေးသည်လည်း အလွန် အရေးကြီးသည့်အချက်ဖြစ်သည်ကိုအလေးထား မှတ်သားဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်အတွင်းတွင်ရှိသည့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နေသည့် အခြေအနေနှင့် အခက်အခဲ များအားအပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ SME ဖွံ့ဖြိုးတိုးတက်ရေး အတွက် Cluster Development အဖွဲ့၏ လုပ်ငန်းများ လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရေး တို့ကို ဆွေးနွေးအကြံပြုပေးကြပါရန် ” တိုက်တွန်းပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ မှ အေးသာယာစက်မှုဇုန်၏ အခြေအနေ၊ SME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် SME Cluster များဖွဲ့စည်းရေးအခြေအနေအား ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် တက်ရောက်လာကြသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မော်တော်ယဉ်ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၊ သံပန်းသံတံခါးလုပ်ငန်းအဖွဲ့၊ သစ်စက်လုပ်ငန်းအဖွဲ့၊ ဝပ်ရှော့လုပ်ငန်းအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း၊ ဆန်စပါးအသင်းလုပ်ငန်းရှင်များအသင်းတို့မှ အသီးသီး စက်မှုဇုန်လုပ်ငန်းများနှင့် ပက်သက်၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ လုပ်ငန်းဆိုင်ရာများနှင့် ပက်သက်သည့် ဥပဒေဆိုင်ရာ တို့ကို ရှင်းလင်းဆွေးနွေးကြသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာ SME လုပ်ငန်းများအားလုံး ရပ်တန့်ပြိုလဲမှုမရှိအောင်၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ရည်ရွယ်ချက်ထားရှိပြီး၊ ကြုံတွေ့ နေရသော အခက်အခဲများကို ပေါင်းစပ်ညှိနိုင်းရင်ဆိုင်ကျော်လွှားဖြေရှင်းဆောင်ရွက်ကြမှသာ လက်ရှိကာလ အတွက် အကျိုးရှိမှာဖြစ်သလို SME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်အောင်မြင်သည့် အခါ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှာ ဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာဖြင့် အလေးထားကြိုးစားပြီး ဆောင်ရွက် ကြရန် ပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

 

   ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အေးသာယာစက်မှုဇုန်ထွက် ကုန်ပစ္စည်းများ၊ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

 

   အဆိုပါ ရှမ်းပြည်နယ်အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အစု အဖွဲ့များ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်း/ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင် ကော်မတီဝင်များ နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 60 guests and no members online

Latest Updates