ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် Future Unodex Company Limited အဖွဲ့ တောင်ကြီးမြို့တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်အတွက် တွေ့ဆုံဆွေးနွေး

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

017

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်၊ ရေသန့်စင်ရေးစနစ်ပါရှိသော ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ(၂၃)ရက်၊ နေ့လည်(၁၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာ  Future Unodex Co.,Ltd ကုမ္ပဏီမှ တာဝန်ရှိသူများက ပရိုဂျက်တာဖြင့် တင်ပြရှင်းလင်းသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ သန့်ရှင်းသော သောက်သုံးရေ ရရှိရန်၊ ရေသန့်စင်ရေးစနစ်ပါရှိသော ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြသည်။

 

   ထို့နောက် Future Unodex Co.,Ltd သည် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေတင်ယူ၍ ခေတ်မီရေသန့်စင်စက်ရုံ တည်ဆောက်ကာ သန့်စင်သော သောက်သုံးရေကို ထုတ်လုပ်ပြီး နိုင်ငံတကာအဆင့်မီ ရေတွန်းစက်ရုံ ရေသိုလှောင်ကန်များ တည်ဆောက်လျက် ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူလူထုအား ပိုက်လိုင်းများဖြင့် အိမ်အရောက် ရေဖြန့်ဝေမည့် လုပ်ငန်းစီမံကိန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ Feasibility Study ကို အောင်မြင်စွာ ပြုလုပ်ပေးပြီး လုပ်ငန်း စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကြီးမြို့တော်နှင့် ရှမ်းပြည်နယ်အတွင်း ရေကောင်း/ရေသန့် ရရှိရေး လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်အတွင်း အကြိုလေ့လာစမ်းသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသွားသည်။

 

   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Future Unodex Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 62 guests and no members online

Latest Updates