ရှမ်းပြည်နယ်သတင်းများ

၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

019

 

   ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၂၃)ရက်၊ မွန်းလွဲ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။  အခမ်းအနားတွင် ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိန်အုပ်မှ ပထမအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

   ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများမှ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

 

   ထို့နောက် ကော်မတီ အသီးသီးမှ ပြန်လည် ဆွေးနွေးကြပြီး၊ ၂၀၁၄ ခုနှစ်၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ ကော်မတီများ၏ ဆွေးနွေး တင်ပြချက်များကို လိုအပ်သည်များ မှာကြားကာ နိဂုံးချုပ် အမှာစကား ပြောကြား၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းဆပ်ကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online