ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး    ဇန်နဝါရီ  ၂၄

 

021

 

ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က သင်တန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသောငွေကျပ်သိန်း(၅၀)စီကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့၏ လုပ်ငန်း များဆောင်ရွက်ရန်အတွက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ စီမံရေးရာဌာနမှူး ဒေါ်နန်းမိုခမ်းမှ လက်ခံရယူ ကြသည်။

 

ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်နှင့် ထူးချွန် သင်တန်းသူများအား ဆုချီးမြှင့်ရာ သင်တန်းနည်းပြနှင့် သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။

 

၎င်းနောက် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ ဒုတိယပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပေးအပ်၍လည်းကောင်း၊ သင်တန်းသူများအားလုပ်ငန်းသုံးပစ္စည်း (Kit ပုံးများ)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ကြည်ဝင်းမှပေးအပ်ရာ သင်တန်းသူများ က လက်ခံရယူသည်။

 

ဆက်လက်၍ သင်တန်းသူများအားလုံးကိုယ်စား မအေးမိစံမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အရန်သားဖွားသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သင်တန်းဆင်းအရန်သားဖွားဆရာမများ တက်ရောက်ကြကြောင်းသိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 84 guests and no members online