ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပရေး ညှိနိုင်းအစည်းအဝေး

တောင်ကြီး ဇန်နဝါရီ  ၂၉

 

022

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပနိုင်ရေး အတွက်ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းမှ တက်ရောက်ဆွေး နွေး မှာကြားရာတွင် ” ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာလျှင် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်လာမှာဖြစ်ပါကြောင်း၊ အသေးစားချေးငွေလုပ်ငန်းနှင့် စက်မှု လက်မှုအသင်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပြီး ၂၀၁၄ခုနှစ်တွင် ချေးငွေများ ခွဲဝေထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ဒါမှသာလျှင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စသည့်လုပ်ငန်းရှင်များ ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အခမ်းအနားကျင်းပမည့် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည့်အစီအစဉ် စီမံချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြရှင်းလင်းကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဆပ်ကော်မတီအသီးသီးနှင့် ပြည်နယ်ဝန်ကြီးများ၏ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် အခမ်းအနားကျင်းပမည့် အဝေရာမီးပုံးပျံကွင်းအတွင်း တည်ဆောက်ပြုပြင် နေမှုများကို လည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ သမဝါယမဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 86 guests and no members online

Latest Updates