ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ ရှမ်းပြည်နယ်လားရှိုးဒေသသို့ ပညာရေးကဏနှင့် အခမဲ့ကျန်းမာရေးကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် သွားရောက်ခဲ့သည့် ခရီးစဉ်

 

ရက်စွဲ ၊  ၃ဝ-၁-၂ဝ၁၄ မှ ၄-၂-၂ဝ၁၄

 

028

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ် လားရှိုးဒေသသို့ ပညာရေးနှင့် ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ရန် (၃ဝ-၁-၂ဝ၁၄)ရက်နေ့တွင် ရုံးစိုက်ရာ တောင်ကြီးမြို့မှ ခရီးထွက်ခွာခဲ့ပါသည်။

 

(၁-၂-၂ဝ၁၄) ရက်နေ့ နံနက်(၇)နာရီတွင် တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးလိုက်ပါလျက် နောင်ချိုဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ဆရာဝန်၊သူနာပြုများနှင့် တွေ့ဆုံ၍ စရိတ်မျှပေးကျန်းမာရေး စနစ်ကိုကျင့်သုံးရန်၊အခမဲ့ဆေးဝါးများကို ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ ဝန်ထမ်းများမိသားစုစိတ်ဓါတ်ထားရှိပြီးအပြန်အလှန်လေးစားရန်နှင့် အခြားဌာနများကိုလည်း  အပြန်အလှန်လေးစားရန်၊လူနာများကိုနွေးထွေးစွာစေတနာဖြင့်ဆက်ဆံကုသပေးရန်၊ ဆေးရုံဆိုင်ရာ အချက်အလက်များကိုလည်း ဝန်ထမ်းများအားလုံသိရှိအောင် ဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။ 

 

နံနက်(၀၉၅ဝ)နာရီတွင် ဆက်လက်ထွက်ခွာလာရာ် သီပေါပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊သူနာပြုများနှင့် တွေ့ဆုံ၍ စရိတ်မျှပေးကျန်းမာရေး စနစ်ကိုကျင့်သုံးရန်၊အခမဲ့ဆေးဝါးများကို ပြည်သူလူထုထံသို့ပွင့်လင်းမြင်သာစွာကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ ဝန်ထမ်းများမိသားစုစိတ်ဓါတ်ထားရှိပြီး အပြန်အလှန်လေးစားရန်နှင့် အခြားဌာနများကိုလည်းအပြန်အလှန်လေးစားရန်၊ လူနာများကိုနွေးထွေးစွာ စေတနာဖြင့် ဆက်ဆံကုသပေးရန်၊ ဆေးရုံဆိုင်ရာ အချက်အလက်များကိုလည်း ဝန်ထမ်းများအားလုံသိရှိအောင် ဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။ 

 

(၂-၂-၂ဝ၁၄)ရက်နေ့တွင် တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးလိုက်ပါလျက် လောက်ကိုင်မြို့နယ်သို့ရောက်ရှိပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့နှင့်တွေ့ဆုံ၍ တာရွေထန်ကျေးရွာသို့ဆက်လက်ထွက်ခွာခဲ့ရာ နံနက်(၁ဝဝဝ)နာရီတွင် (၁၆)ခုတင်ဆံ့တာရွေထန်တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာရွေထန်တိုက်နယ်ဆေးရုံအတွက် အလှူငွေ(၁ဝ)သိန်းနှင့် မော်ထိုက်မြို့နယ်ခွဲ ဆေးရုံအတွက် အလှူငွေ(၁ဝ)သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တာရွေထန်အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြား ခဲ့ပါသည်။

 

ဆက်လက်ထွက်ခွာလာရာ နေ့လည်(၁းဝဝ)နာရီတွင် လောက်ကိုင်မြို့နယ်သို့ရောက်ရှိပြီး ကိုးကန့်လူငယ်ယဉ်ကျေးမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသော ကိုးကန့်ရိုးရာဂျင်ပေါက်ပွဲတော်၊ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲနှင့် ဘတ်စကက်ဘောအားကစားပြိုင်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။

 

ထို့နောက်နေ့လည်(၃းဝဝ)နာရီတွင် ကွမ်းလုံမြို့နယ်သို့ရောက်ရှိပြီး လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပူးပေါင်းပါဝင်မှုဖြင့် ကွမ်းလုံမြို့နယ်၌ ဒေသခံပြည်သူ(၆၆၁)ဦးအား အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှု့ခဲ့ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်(၅)သိန်းနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဒေသခံကျေးရွာနေပြည်သူမျာအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆိုလာမီးအိမ် အလုံး(၉ဝဝ)ကို ပေးအပ်လှူဒါန်းခ့ဲပါသည်။

 

 

 

(၃-၂-၂ဝ၁၄)ရက်နေ့တွင် ဦးစိုင်းကြူ၊ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့် တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး(လားရှိုး)လိုက်ပါလျက် နမ္မတူမြို့သို့ရောက်ရှိပြီး အထက(၁)နမ္မတူတွင် ဒေသခံပြည်သူ(၂၃ဝ၃)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ဒေသခံပြည်သူများနှင့်တွေဆုံ၍ ပညာရေး၊ကျန်းမာရေးကိစ္စရပ်များအား ဆွေးနွေးမှာကြားကာ နမ္မတူမြို့နယ်ကျန်းမာရေးဌာနအတွက် အလှူငွေ(၁ဝ)သိန်းနှင့် နမ္မတူမြို့နယ် သွေးလှူရှင်များအသင်း(အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း)သို့ အလှူငွေကျပ်(၅)သိန်းပေးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ဆက်လက်၍ နမ္မတူဆေးရုံအားသွားရောက်ကြည့်ရှု့ စစ်ဆေးပြီး နမ္မတူဆေးရုံရှိ ပျက်ဆီးနေသော သစ်သား(၂)ထပ်လူနာဆောင်အား ပြင်ဆင်ရန် တွဲဘက်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးအား မှာကြားခဲ့ပါသည်။

 

ထို့နောက်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊နမ္မတူသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး စံပယ်ဆောင် (၆)ခန်းတွဲ(၂)ထပ်ဆောင် အုတ်နံရံများကွဲအက်ခြင်း၊ဝရံတာအခင်းများညွတ်ကျနေခြင်းအား မြို့နယ်ပညာရေးမှူးမှ တစ်ဆင့် တွဲဘက်ပြည်နယ်ပညာရေးမှူးထံတင်ပြဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

 

(၄-၂-၂ဝ၁၄)ရက်နေ့ နံနက်(၀၇၃ဝ)နာရီတွင် ပြည်နယ်ပညာရေးမှူးရုံး(ခွဲ)ဒုတိယညွန်ကြားရေးမှူး၊ တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး(လားရှိုး)၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့လိုက်ပါလျှက် အခြေခံပညာအထက်တန်းကျောင်း နောင်ချိုသို့ရောက်ရှိပြီး သိပံ္ပဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ဘတ်စကက်ဘောကွင်းပြုပြင်ရန် အလှူငွေ(၁ဝ)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပေးအပ်လှူဒါန်းခဲ့ပါသည်။ထို့နောက် အထက(ခွဲ)နောင်ချိုသို့ သွားရောက်ပြီး အန္တရယ်ရှိကျောင်းဆောင်ဟောင်းများပြုပြင်ရေးအတွက် မြို့နယ်ပညာရေးမှူးမှ တစ်ဆင့် တွဲဘက်ပြည်နယ်ပညာရေးမှူးထံတင်ပြဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

 

နံနက်(၀၉၂ဝ)အချိန်တွင် နောင်ချိုမြို့နယ်၊ကန်ကြီးကျေးရွာသို့ရောက်ရှိပြီး ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ဒေသခံပြည်သူ(၅၄၁)ဦးအား အခမဲ့ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။

 

ထို့နောက်နံနက်(၀၉၄ဝ)အချိန်တွင် နောင်ချိုမြို့နယ်၊ ကန်ကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များအား မှာကြားခဲ့ပြီး လူရည်ချွန်ကျောင်းသားအား ငွေကျပ်(၂)သိန်းဂုဏ်ပြုချီးမြှင့်ခြင်း၊ စခန်းသွင်းလေ့ကျင့်မှုအတွက် ငွေကျပ်(၃)သိန်း၊အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်ငွေကျပ်(၅)သိန်းနှင့် အထက(ခွဲ)ရွေမုဋောကျောင်း စာသင်ဆောင်အမိုးများပြုပြင်ရန်  ငွေကျပ်(၁ဝ)သိန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ထို့နောက်နံနက်(၁၁၃ဝ)နာရီတွင် နောင်ချိုမြို့နယ်၊ လုံကာကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ နောင်ချိုမြို့နယ်၊ ရွေမုဋောကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ပြီး စာသင်ဆောင်အမိုးများပျက်ဆီးေနမှုအားြကည့်ရှု့စစ်ေဆးခဲ့ပါသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 51 guests and no members online