ရှမ်းပြည်နယ်သတင်းများ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တောင်ကြီးမြို့ ခရီးစဉ်

တောင်ကြီး   ဖေဖော်ဝါရီ   ၄

 

024

 

   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဇနီးဒေါ်နန်းရွှေမှုန်တို့သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတူ ဖေဖော်ဝါရီ ၄ ရက် နံနက်၈နာရီခွဲက နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးမြို့သို့ ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လှိုင်လှဲပျုငှာစွာကြိုဆိုကြသည်။

 

   ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် နံနက် ၁၀နာရီခွဲက တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံသို့ သွားရောက်ခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စန်းစန်းဝေနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း လိုက်လံရှင်းလင်းပြသ၍ လည်းကောင်း၊ မွေးကင်းစလူနာများ၊ မီးယပ်နှင့် သားဖွားကုသဆောင်၊ ကလေးကုသဆောင်၊ ပြင်ပလူနာကုသဆောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

 

   ဆက်လက်၍ ဒုတိယသမ္မတသည် စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

025

 

   ထိုနောက် ဒုတိသမ္မတသည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စန်းစန်းဝေ၊ စဝ်စံထွန်းပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးသန်းထွဍ်အောင်တို့က ပြည်နယ်အတွင်း ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး၊ စာပေယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားစာပေယဉ်ကျေအောင်တို့က ပြည်နယ်အတွင်း ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး၊ စာပေယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားစာပေယဉ်ကျေးမှုဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းမှာကြားသည်။

 

   ယင်းနောက် ဒုတိယသမ္မတက စာပေယဉ်ကျေးမှုအဖွဲ့ ခုနှစ်ဖွဲ့ကို ချီးမြှင့်ထောက်ပံ့ငွေကျပ် သိန်း(၂၀)စီဖြင့် သိန်း(၁၄၀)ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အား ချီးမြှင့်ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းစီဖြင့် သိန်း(၇၀)တို့ကို ပေးအပ်ချီးမြှင့် ကြသည်။

 

026

 

   ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်၊ မြစိမ်းတောင်စေတီတန်ခိုးကြီးဘုရားများကို သွားရောက်ဖူးမျှော်ကြသည်။

 

027

 

   ဖေဖော်ဝါရီ ၅ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအဖွင့်အမှာစကားပြောကြားပြီး၊ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်း၍ လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်း ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ခရိုင်အလိုက် အသေးစားချေးငွေများကို ပေးအပ်ရာ ငွေစုငွေချေးသမဝါယမအသင်းများမှ တာဝန်ရှိသူများက တက်ရောက်လက်ခံရယူကြသည်။

 

   ယင်းနောက် CB ဘဏ်နှင့် ဗဟိုသမဝါယမအသင်း လီမိတက် ဥက္ကဌ ဦးခင်မောင်အေးက အရစ်ကျပံ့ပိုးပေးသည့် လယ်ယာနှင့် လုပ်ငန်းတိုးစက်ကိရိယာများ ပံ့ပိုးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

   ၎င်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တောင်ကြီးထပ်ဆင့်လွှင့်စက်ရုံမှ ထုတ်လွင့်လျက်ရှိသည် ဒစ်လှစ်တယ်ရုပ်သံလိုင်းများကို ရုပ်သံလွင့်ဧရိယာအတွင်း ဖမ်းယူကြည့်ရှုနိုင်ရန် Set Top Box အလုံးရေ (၁၈၀၂၂)လုံးကို အခမဲ့ပေးအပ်ထောက်ပံ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက လက်ခံရယူသည်။

 

   ထို့နောက် အသင်းသားကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ခင်းကျင်းပြသထားသည့် အထိမ်းအမှတ်ပြခန်းများကို လိုက်လံကြည့်ရှုအားပေးကြသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 98 guests and no members online