ရှမ်းပြည်နယ်သတင်းများ

( ၆၇ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး   ဖေဖော်ဝါရီ   ၇ 

 

029

 

၂၀၁၄ ခုနှစ် (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ - ၇ ရက်နေ့ နံနက် (၈) နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ထံမှ (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိန်းမောင်က ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဌာနဆိုင်ရာများခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီတော်ဓမ္မာရုံ၌ (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြင့် ဆရာတော်၊သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်းနှင့် ပရိတ်တရားတော်နာ အလှူတော်မဂင်္လာအခမ်းအနားသို့ တက်ရောက်သည်။

 

ပထမဦးစွာ နမောတဿ အစရှိသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဥတ္တရာရုံပရိယတ္တိ စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ယင်းနောက်ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြပြီး၊ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့မှ လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဥတ္တရာရုံပရိယတ္တိ စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ ကုသိုလ်ကောင်းမှုအဖို့ဘာဂကို အနုမောဒနတရားနာယူကြပြီး ရေစက်သွန်းချအမျှ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က နေ့ဆွမ်းဆပ်ကပ်ကြကြောင်း သိရှိရသည်။

 

အဆိုပါ (၆၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုဆရာမများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 78 guests and no members online